မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဆန်ဒါ ဒူဘို့ဗန်ကိုနဲ့ ညီအစ်ကို အလက်ဆန်ဒါ လစ်ဗင်ယု

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ညီအစ်ကို ဒူဘို့ဗန်ကိုနဲ့ ညီအစ်ကို လစ်ဗင်ယုတို့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

ညီအစ်ကို ဒူဘို့ဗန်ကိုနဲ့ ညီအစ်ကို လစ်ဗင်ယုတို့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ မှာ ခရိုင်းမီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အာမြန်စကီမြို့တရားရုံးက ညီအစ်ကို အလက်ဆန်ဒါ ဒူဘို့ဗန်ကိုနဲ့ ညီအစ်ကို အလက်ဆန်ဒါ လစ်ဗင်ယုတို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခဲ့တယ်။ ညီအစ်ကိုနှစ်ယောက်စလုံးကို ထောင်ဒဏ် ၆ နှစ် ချမှတ်ပြီး တရားခွင်ကနေ ချက်ချင်းခေါ်ထုတ်သွားတယ်။

ကိုယ်ရေးအကျဉ်း

အခက်အခဲတွေကို ဘယ်နေရာမှာပဲ ကြုံကြုံ၊ ဘယ်အချိန်မှာပဲ ကြုံကြုံ ယေဟောဝါဘုရား ကျွန်တော်တို့ဘေးမှာ အမြဲရှိနေတယ်ဆိုတာသိရလို့ နှစ်သိမ့်မှုရပါတယ်။—ဆာလံ ၁၃၉:၇-၁၂

အချိန်ပြဇယား

  1. ဩဂုတ် ၂၊ ၂၀၂၁

    ပြစ်မှုနဲ့ တရားစွဲတယ်။ ဗီဒီယိုချိတ်ဆက်မှု ဆော့ဖ်ဝဲ သုံးပြီး အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို အားပေးအားမြှောက်ပြုတယ်လို့ ညီအစ်ကိုနှစ်ယောက်စလုံးကို စွပ်စွဲတယ်။

  2. ဩဂုတ် ၅၊ ၂၀၂၁

    ညီအစ်ကို ဒူဘို့ဗန်ကိုနဲ့ လစ်ဗင်ယုတို့ရဲ့ အိမ်အပါအဝင် သက်သေခံ ၈ အိမ်ထောင်ကို ဝင်ရောက်ရှာဖွေကြတယ်။ ညီအစ်ကို လစ်ဗင်ယုကို ဖမ်းပြီး ယာယီအချုပ်ချတယ်။

  3. ဩဂုတ် ၆၊ ၂၀၂၁

    ညီအစ်ကို လစ်ဗင်ယုကို အချုပ်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချတယ်။

  4. ဩဂုတ် ၉၊ ၂၀၂၁

    အာဏာပိုင်တွေက ညီအစ်ကို ဒူဘို့ဗန်ကိုရဲ့အိမ်ကို ဒုတိယအကြိမ် ဝင်ရောက်ရှာဖွေကြတယ်။ သူ့ကို စစ်ဆေးမေးမြန်းပြီး နေအိမ်အကျယ်ချုပ်ချတယ်။

  5. ဩဂုတ် ၁၁၊ ၂၀၂၁

    ညီအစ်ကို လစ်ဗင်ယုကို အစွန်းရောက်အဖွဲ့ရဲ့ လုပ်ငန်းတွေ စီစဉ်ဖွဲ့စည်းမှုနဲ့ တရားဝင်စွပ်စွဲတယ်။

  6. ဖေဖော်ဝါရီ ၈၊ ၂၀၂၂

    ညီအစ်ကို ဒူဘို့ဗန်ကို,ကို အစွန်းရောက်အဖွဲ့ရဲ့ လုပ်ငန်းတွေ စီစဉ်ဖွဲ့စည်းမှုနဲ့ တရားဝင်စွပ်စွဲတယ်။

  7. ဧပြီ ၂၉၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။ နေအိမ်အကျယ်ချုပ် ကျနေချိန်အတွင်း ဆရာဝန်ဆီသွားပြီး ဆေးကုသမှုခံယူခွင့်ပြုဖို့ တရားသူကြီးဆီ ညီအစ်ကို လစ်ဗင်ယု တောင်းဆိုခဲ့ပေမဲ့ ပယ်ချခံရတယ်။

  8. စက်တင်ဘာ ၈၊ ၂၀၂၂

    ညီအစ်ကိုတွေကို နေ့စဉ် မနက် ၇ နာရီကနေ ညနေ ၇ နာရီအတွင်း အိမ်ကနေ ထွက်ခွင့်ပြုတယ်။

  9. နိုဝင်ဘာ ၃၀၊ ၂၀၂၂

    ညီအစ်ကိုနှစ်ယောက်စလုံး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရတယ်။

a b ကိုယ်ပိုင်မှတ်ချက်တွေကို ထောင်မကျခင်တုန်းက ရယူထားတာဖြစ်တယ်။