မာတိကာဆီ ကျော်သွား

ညီအစ်ကို အာသမ် ဂါရာစမို့

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ညီအစ်ကို အာသမ် ဂါရာစမို့ရဲ့ အမှုကို ခရိုင်းမီးယား တရားရုံး စီရင်ချက် ချခါနီးပြီ

ညီအစ်ကို အာသမ် ဂါရာစမို့ရဲ့ အမှုကို ခရိုင်းမီးယား တရားရုံး စီရင်ချက် ချခါနီးပြီ

၂၀၂၀၊ မတ် ၃ ရက်မှာ ခရိုင်းမီးယား၊ ယော့လ်တာမြို့ တရားရုံးက ညီအစ်ကို အာသမ် ဂါရာစမို့ရဲ့ အမှုကို စီရင်ချက် ချပါတော့မယ်။ ညီအစ်ကို ဂါရာစမို့ကို ယုံကြည်ချက်ကြောင့် ထောင်ဒဏ် ခြောက်နှစ်ခွဲ ချဖို့ အစိုးရရှေ့နေက တောင်းဆိုထားပါတယ်။

ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) ရဲတွေဟာ အလုခါနဲ့ ယော့လ်တာမြို့တွေက ယေဟောဝါသက်သေ နေအိမ် ရှစ်လုံးကို ဝင်ရောက်စီးနင်းပြီးနောက် ၂၀၁၉၊ မတ် ၂၀ ရက်နေ့မှာ ညီအစ်ကို ဂါရာစမို့ကို ယာယီ ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းကြတယ်။ အိမ်ကို ဝင်ရောက်ရှာဖွေချိန်မှာ ကွန်ပျူတာတွေ၊ အီလက်ထရောနစ် ပစ္စည်းတွေ၊ ကျမ်းစာတွေကို သိမ်းသွားကြတယ်။ ကျမ်းစာဆွေးနွေးဖို့ တခြားသူတွေနဲ့ စုဝေးတာကိုလည်း အစွန်းရောက်လုပ်ငန်း စီစဉ်ဖွဲ့စည်းတယ်ဆိုပြီး ညီအစ်ကို အာသမ် ဂါရာစမို့ကို FSB စစ်ဆေးရေးအရာရှိတွေ စွပ်စွဲကြတယ်။

ဘာသာရေးယုံကြည်ချက်ကြောင့် မတရား တိုက်ခိုက်ခံနေရတဲ့ ညီအစ်ကို/မတွေ “ရဲစွမ်းသတ္တိနဲ့ ခွန်အား ရှိ” အောင် ယေဟောဝါ ကူညီပေးမယ်ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်စိတ်ချတယ်။—ဆာလံ ၁၃၈:၃