မာတိကာဆီ ကျော်သွား

သက်သေခံမောင်နှံတစ်စုံ အသင်းတော်အစည်းအဝေးကို ဗီဒီယိုချိတ်ဆက်ပြီး တက်နေစဉ်။ ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲကို ဒီနည်းအတိုင်း ပထမဆုံးအကြိမ် ကျင်းပကြပါမယ်

၂၀၂၀၊ ဧပြီ ၃
ကမ္ဘာတစ်ဝန်းက သတင်းများ

တစ်မူထူးတဲ့ ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲ

ကမ္ဘာချီ ကပ်ရောဂါဘေးဖြစ်နေချိန် အသင်းတော်များစွာ ဗီဒီယိုချိတ်ဆက်ပြီး စုဆုံကြ

တစ်မူထူးတဲ့ ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲ

၂၀၂၀၊ ဧပြီ ၇၊ အင်္ဂါနေ့မှာ ယေဟောဝါသက်သေတွေ၊ စိတ်ဝင်စားသူတွေ သန်းပေါင်းများစွာဟာ အရေးကြီးဆုံး ဖြစ်တဲ့ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို ကျင်းပကြပါမယ်။ ဒီနှစ် အောက်မေ့ရာပွဲက အင်မတန် ထူးခြားတယ်။ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ ဗီဒီယိုချိတ်ဆက်ပြီး ကျင်းပကြမှာ ဖြစ်လို့ပါ။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးကြောင့် ဒေသများစွာမှာ အာဏာပိုင်တွေက လူစုလူဝေး စုဆုံမှုတွေကို တားမြစ်လိုက်တယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်း အသင်းတော်များစွာက ပတ်စဉ် အစည်းအဝေးတွေကို ဗီဒီယိုချိတ်ဆက်ပြီး ကျင်းပကြတယ်။ အောက်မေ့ရာပွဲကိုလည်း ဗီဒီယိုချိတ်ဆက်ပြီး ကျင်းပကြပါမယ်။ လူအများစုအတွက်တော့ ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်ကို jw.org မှာ တင်ထားပေးပါမယ်။

မနှစ်က အောက်မေ့ရာပွဲ တက်ရောက်သူ သန်းပေါင်း ၂၀ ကျော် ရှိတယ်။ လူအများစုအနေနဲ့ အောက်မေ့ရာပွဲကို ဗီဒီယို ချိတ်ဆက်မှု၊ တယ်လီဖုန်းလိုင်း၊ jw.org မှာ တင်ထားတဲ့ ဗီဒီယိုကို ကြည့်ရှုခြင်းအားဖြင့် တက်ရောက်ပါလိမ့်မယ်။

ဒေသများစွာမှာ ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေတုန်းပဲ။ ဒါကြောင့် ညီအစ်ကို/မတွေရဲ့ ဘေးကင်းရေးအတွက် ကပ်ရောဂါဘေး ပြီးဆုံးသွားချိန်အထိ သတိပေးချက်တွေကို ဆက်လိုက်နာနေဖို့ လိုတယ်။ ယေဟောဝါ ထောက်မပေးမယ်ဆိုတာ အပြည့်အဝ ယုံကြည်ရင်း “ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ကြပါ” ဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို လိုက်နာဖို့ စိတ်ဆုံးဖြတ်ထားကြပါတယ်။—လုကာ ၂၂:၁၉