မာတိကာဆီ ကျော်သွား

ဝဲဘက်မှ ယာဘက်။ ညီအစ်ကို ဗလာဒီမာ မာလဒိုက်ကာ၊ ညီအစ်ကို ဗလာဒီမာ စခါဒါနဲ့ဇနီး စူတလန်နာ၊ ညီအစ်ကို ယေ့ဂျနီ ဇူကို့ဗ်

၂၀၂၂ ခုနှစ်၊ မေ ၉ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

နောက်ဆုံးအချက်အလက်—ညီအစ်ကိုတွေ ထောင်ချခံရ | ခရိုင်းမီးယားက မိသားစုတွေ ယေဟောဝါ အကူအညီနဲ့ ခံရပ်နိုင်ကြ

နောက်ဆုံးအချက်အလက်—ညီအစ်ကိုတွေ ထောင်ချခံရ | ခရိုင်းမီးယားက မိသားစုတွေ ယေဟောဝါ အကူအညီနဲ့ ခံရပ်နိုင်ကြ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်မှာ ဆာဗားတိုပိုမြို့၊ နတ်စကီမတ်စကီ ခရိုင်တရားရုံးက ညီအစ်ကို ဗလာဒီမာ မာလဒိုက်ကာ၊ ဗလာဒီမာ စခါဒါ၊ ယေ့ဂျနီ ဇူကို့ဗ်တို့ရဲ့အမှုကို စီရင်ချက် ချလိုက်ပါတယ်။ သူတို့အားလုံး ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံရပြီး ချက်ချင်း ထောင်ကျသွားပါတယ်။

အချိန်ပြဇယား

  1. အောက်တိုဘာ ၁၊ ၂၀၂၀

    FSB အာဏာပိုင်တွေဟာ မာလဒိုက်ကာ၊ စခါဒါနဲ့ ဇူကို့ဗ် မိသားစု အပါအဝင် ဆာဗားတိုပိုမြို့က ယေဟောဝါသက်သေ မိသားစု ကိုးအိမ်ထောင်ကို ရှာဖွေခဲ့ကြတယ်။ မာလဒိုက်ကာရဲ့အိမ်ကို အာဏာပိုင်တွေ ရှာဖွေစဉ်မှာ နို့မှုန့်အထုပ်လေးကို တွေ့တဲ့အခါ အမှုန့်တွေဟာ “မူးယစ်ဆေးဝါး” နဲ့ တူတယ်ဆိုပြီး ညီအစ်ကို မာလဒိုက်ကာနဲ့ ဇနီးဖြစ်သူ နတားလာကို စစ်ဆေးဖို့ စိတ်ရောဂါကုဆေးရုံကို ပို့လိုက်ကြတယ်။ နတားလာကို အဲဒီနေ့ နှောင်းပိုင်းမှာ လွှတ်လိုက်တယ်။ ညီအစ်ကို မာလဒိုက်ကာ၊ စခါဒါနဲ့ ဇူကို့ဗ်တို့ကိုတော့ ယာယီ ချုပ်ထားလိုက်ကြတယ်။ သူတို့ကို နောက်တစ်နေ့မှာ အချုပ်ထောင်ကို ပို့လိုက်ကြတယ်။

  2. မတ် ၂၃၊ ၂၀၂၁

    ညီအစ်ကို စခါဒါကို အချုပ်ကနေ လွှတ်ပြီး နေအိမ်အကျယ်ချုပ် ချတယ်။ သူ့ကို ခြေရာခံတဲ့ကိရိယာ တပ်ထားပြီး အင်တာနက် မသုံးဖို့၊ ဖုန်းမခေါ်ဖို့၊ အမှုမှာပါဝင်တဲ့ တခြား ညီအစ်ကိုတွေနဲ့ မဆက်သွယ်ဖို့ အမိန့်ထုတ်တယ်။

  3. မတ် ၃၀၊ ၂၀၂၁

    ညီအစ်ကို မာလဒိုက်ကာကို အချုပ်ကနေ လွှတ်ပြီး နေအိမ်အကျယ်ချုပ် ချတယ်။

  4. မေ ၁၇၊ ၂၀၂၁

    ညီအစ်ကို ဇူကို့ဗ်ကို ၇ လကျော် ချုပ်ထားပြီးနောက် လွှတ်လိုက်တယ်။ ပြီးတော့ နေအိမ်အကျယ်ချုပ် ချတယ်။

  5. စက်တင်ဘာ ၃၀၊ ၂၀၂၁

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ဒီညီအစ်ကိုတွေနဲ့ ခရိုင်းမီးယားမှာ နှိပ်စက်ညှဉ်းပန်းခံနေရသူအားလုံးရဲ့ စိတ်ဓာတ်ကို ယေဟောဝါ ကြံ့ခိုင်စေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချကြတယ်။—၁ သက်သာလောနိတ် ၃:၁၂၊ ၁၃