မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ မတ် ၂၈ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ဖရက်ဒီမုန်တိုင်းကြောင့် အရှေ့အာဖရိကမှာ ထိခိုက်ပျက်စီးမှု များပြား

ဖရက်ဒီမုန်တိုင်းကြောင့် အရှေ့အာဖရိကမှာ ထိခိုက်ပျက်စီးမှု များပြား

တိုက်ခတ်မှုအရှည်ကြာဆုံး ဆိုင်ကလုန်းမုန်တိုင်းတစ်ခုအဖြစ် စံချိန်ချိုးခဲ့တဲ့ ဖရယ်ဒီမုန်တိုင်းက အရှေ့အာဖရိကကို မကြာသေးခင်က ဝင်ရောက်ခဲ့တယ်။ မုန်တိုင်းဟာ ၂၀၂၃၊ ဖေဖော်ဝါရီ အစောပိုင်းမှာ စတင်ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတချို့ကို ဖြတ်သန်းတိုက်ခတ်ခဲ့တယ်။ ၂၀၂၃၊ ဖေဖော်ဝါရီ ၂၁ ရက်မှာ မာဒါဂတ်စကာနိုင်ငံကို ဝင်ရောက်တယ်။ ရက်အနည်းငယ်ကြာပြီးနောက် မိုဇမ်ဘစ်ရေလက်ကြားကို ဖြတ်ပြီး မိုဇမ်ဘစ်ကုန်းတွင်းပိုင်းနဲ့ မာလာဝီနိုင်ငံဆီ ရွေ့လျားတိုက်ခတ်တယ်။ မုန်တိုင်းအင်အား ဆက်ပြင်းထန်လာပြီး ၂၀၂၃၊ မတ် ၁၁ ရက်မှာ မိုဇမ်ဘစ်ကို တစ်ကျော့ပြန် ဝင်တိုက်တယ်။ မာဒါဂတ်စကာ၊ မာလာဝီနဲ့ မိုဇမ်ဘစ်နိုင်ငံက ဒေသအတော်များများဟာ မုန်တိုင်းဘေးသင့်ခဲ့တယ်။ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးရေလျှံပြီး အိမ်တွေ ပျက်စီးကုန်တယ်။ ညီအစ်ကို/မတွေ အပါအဝင် လူ ၅၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာခဲ့ရတယ်။

၂၀၂၃၊ မတ် ၂၇ ရက်အထိ အောက်ပါ အရေအတွက်စာရင်းကို နယ်ခံညီအစ်ကိုတွေဆီက ရရှိထားပါတယ်။ သွားလာရခက်တဲ့ ဒေသတွေကို အခုထိ မရောက်နိုင်သေးလို့ တကယ့်မြေပြင်အရေအတွက်နဲ့တော့ ကွာခြားနိုင်ပါတယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

မာဒါဂတ်စကာနိုင်ငံ

  • ကြေညာသူ ၂၅၆ ယောက်နဲ့ အိမ်သူအိမ်သားတွေ ဘေးကင်းရာကို ရွှေ့ပြောင်းကြရ

  • အိမ် ၈ လုံး လုံးဝ ပျက်စီး

  • အိမ် ၂၉ လုံး အနည်းငယ် ပျက်စီး

  • နိုင်ငံတော်ခန်းမ ၃ လုံး အနည်းငယ် ပျက်စီး

မာလာဝီနိုင်ငံ

  • ဝမ်းနည်းစရာက ကြေညာသူ ၈ ယောက် သေဆုံးပြီး ၆ ယောက် ပျောက်ဆုံးနေ

  • ကြေညာသူ ၃ ယောက် ထိခိုက်ဒဏ်ရာရ

  • အနည်းဆုံး ကြေညာသူ အယောက် ၄,၃၀၀ နဲ့ အိမ်သူအိမ်သားတွေ ဘေးကင်းရာကို ရွှေ့ပြောင်းကြရ

  • အိမ် ၈၂၁ လုံး လုံးဝ ပျက်စီး

  • အိမ် ၁၇၄ လုံး ပျက်စီး

  • နိုင်ငံတော်ခန်းမ အလုံး ၂၀ ပျက်စီး

မိုဇမ်ဘစ်နိုင်ငံ

  • ဝမ်းနည်းစရာက ကြေညာသူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ပျောက်ဆုံးနေ

  • ကြေညာသူ အယောက် ၈၈၀ နဲ့ အိမ်သူအိမ်သားတွေ ဘေးကင်းရာကို ရွှေ့ပြောင်းကြရ

  • အိမ် ၂၄၈ လုံး လုံးဝပျက်စီး

  • အိမ် ၁၈၅ လုံး အနည်းငယ် ပျက်စီး

  • နိုင်ငံတော်ခန်းမ ၇ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • ဘေးသင့်ဒေသ အတော်များများရဲ့ လမ်းပန်းဆက်သွယ်ရေး အခုထိ မပွင့်သေး

  • ကယ်ဆယ်ရေးကော်မတီတွေက ဘေးသင့်သူတွေကို နေစရာ၊ အစာ၊ ရေနဲ့ တခြားလိုအပ်ရာတွေ ထောက်ပံ့ပေး

  • မိုဇမ်ဘစ်နိုင်ငံ၊ ချိုကွီမြို့နားက အိုးအိမ်စွန့်ခွာထွက်ပြေးလာတဲ့ ညီအစ်ကို/မ အုပ်စုတစ်စုကို ဌာနခွဲကော်မတီဝင်တစ်ယောက် နှစ်သိမ့်အားပေးနေ

    မိုဇမ်ဘစ်နိုင်ငံ၊ စည်းဝေးပွဲခန်းမတစ်ခုမှာ ခိုလှုံခဲ့တဲ့ ကြေညာသူ ၁၆၇ ယောက်နဲ့ မိသားစုဝင်တွေအတွက် ဂါဇာဒေသမှာ စခန်းတစ်ခု တည်ဆောက်ပေး။ အဲဒီဒေသတစ်ဝန်းက နိုင်ငံတော်ခန်းမနဲ့ နေအိမ်တွေမှာလည်း ညီအစ်ကို/မ ရာနဲ့ချီ ခေတ္တနေထိုင်နေ

  • အနည်းဆုံး အိမ် ၁၆ လုံး ပြုပြင်ပြီးဖြစ်

  • ညီအစ်ကို/မတွေရဲ့ လိုအပ်ရာကို သိနိုင်ဖို့၊ သူတို့ကို နှစ်သိမ့်အားပေးဖို့ ဌာနခွဲကော်မတီဝင်တွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေ သွားရောက်လည်ပတ်

အင်မတန်ခက်ခဲတဲ့ အခြေအနေမှာတောင် ဘေးသင့်ညီအစ်ကို/မတွေက အစည်းအဝေးတွေကို အတတ်နိုင်ဆုံး ကျင်းပပြီး အချင်းချင်း အားပေးနေကြတယ်။ သူတို့တွေ ခံရပ်နိုင်ဖို့ ယေဟောဝါက “သာမန်ထက်ထူးကဲတဲ့ တန်ခိုး” ပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—၂ ကောရိန္သု ၄:၇