မာတိကာဆီ ကျော်သွား

ဂွာတီမာလာ (ဝဲ)၊ ကော့စတာရီကာ (ယာ) မှာ ရေကြီးမှု ဖြစ်

နိုဝင်ဘာ ၂၀၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ဗဟိုအမေရိက၊ ကေမန်ကျွန်းစု၊ ဗဟားမား၊ ဂျမေကာ၊ မက္ကဆီကို၊ အမေရိကန်ပြည်ထောင်စုမှာ ဟာရီကိန်း အီတာကြောင့် အပျက်အစီး များပြား

ဗဟိုအမေရိက၊ ကေမန်ကျွန်းစု၊ ဗဟားမား၊ ဂျမေကာ၊ မက္ကဆီကို၊ အမေရိကန်ပြည်ထောင်စုမှာ ဟာရီကိန်း အီတာကြောင့် အပျက်အစီး များပြား

တည်နေရာ

ဗဟိုအမေရိက၊ ဗဟားမား၊ ဂရန်း ကေမန်ကျွန်းစု၊ ဂျမေကာ၊ မက္ကဆီကို၊ အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း

သဘာဝဘေး

  • ၂၀၂၀၊ နိုဝင်ဘာ ၃ ရက်တုန်းက နီကာရာဂွာ၊ ပွာတူ ကာဘီဇက်စ်မှာ ပြင်းအား အဆင့် ၄ ရှိ ဟာရီကိန်း အီတာ ဝင်ရောက်တိုက်ခတ်တယ်။ ဗဟိုအမေရိကရဲ့ တခြားဒေသတွေဆီ ဆက်လက် တိုက်ခတ်ပြီး အပျက်အစီး များခဲ့ပါတယ်

  • မက္ကဆီကို၊ တာ့ဘတ်စကိုမှာ သက်သေခံမောင်နှံစုံရဲ့ ကိုးနှစ်အရွယ် မြေးလေး ရေထဲ မျောပါပြီး သေဆုံးသွားပါတယ်

  • ဟာရီကိန်း အီတာက အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပြီး ဂရန်း ကေမန်ကျွန်းစု၊ ဗဟားမား၊ ဂျမေကာတို့ဆီ ဆက်လက်တိုက်ခတ်တယ်။ အဲဒီနောက် မက္ကဆီကို ပင်လယ်ကွေ့ဆီ ရောက်သွားပြီး အမေရိကန်ပြည်ထောင်စုကိုလည်း တိုက်ခတ်တယ်

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ကော့စတာရီကာ

    • ကြေညာသူ ၁၀၈ ဦး ဘေးလွတ်ရာ ပြောင်းရွှေ့ကြရ

    • ကြေညာသူ ၇ ဦး ပိုင်ဆိုင်ရာအားလုံး ဆုံးရှုံး

  • ဂွါတီမာလာ

    • ကြေညာသူ ၁၆၃ ဦး ဘေးလွတ်ရာဆီ ပြောင်းရွှေ့ကြရ။ ကြေညာသူ ၈၅ ဦး နေအိမ် ပြန်လာနိုင်ကြ

    • မိသားစု ၃ စု ပိုင်ဆိုင်ရာအားလုံး ဆုံးရှုံး

    • ကြေညာသူ ၃ ဦး ရှိတဲ့ မိသားတစ်စု ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာခင်အထိ နေအိမ် ဒုတိယထပ်မှာ ပိတ်မိနေ

  • ဟွန်ဒူးရပ်စ်

    • ကြေညာသူ ၁,၉၈၄ ဦး ဘေးလွတ်ရာဆီ ပြောင်းရွှေ့ကြရ။ ကြေညာသူ ၃၇၆ ဦးထက်မနည်း နေအိမ် ပြန်လာနိုင်ကြ

  • ဂျမေကာ

    • ကြေညာသူ ၄ ဦး ဘေးလွတ်ရာဆီ ပြောင်းရွှေ့ကြရ

  • မက္ကဆီကို

    • ချီယာပတ်စ်နဲ့ တာ့ဘတ်စကိုပြည်နယ်မှာ ကြေညာသူ ၁,၆၁၈ ဦး ဘေးလွတ်ရာဆီ ပြောင်းရွှေ့ကြရ။ ကြေညာသူ ၁၁၂ ဦး နေအိမ် ပြန်လာနိုင်ကြ

  • နီကာရာဂွါ

    • ကြေညာသူ ၂၃၈ ဦး ဘေးလွတ်ရာဆီ ပြောင်းရွှေ့ကြရ။ ကြေညာသူ ၂၃၂ ဦး နေအိမ် ပြန်လာနိုင်ကြ

  • ပနားမား

    • ကြေညာသူ ၂၇ ဦး ဘေးလွတ်ရာဆီ ပြောင်းရွှေ့ကြရ။ ကြေညာသူ ၆ ဦး နေအိမ် ပြန်လာနိုင်ကြ

  • အမေရိကန်ပြည်ထောင်စု

    • ကြေညာသူ ၄၈ ဦး ဘေးလွတ်ရာဆီ ပြောင်းရွှေ့ကြရ။ ကြေညာသူ ၂၇ ဦး နေအိမ် ပြန်လာနိုင်ကြ

အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု

  • ဗဟားမား

    • အိမ် ၁ လုံး အကြီးအကျယ် ပျက်စီး

  • ကော့စတာရီကာ

    • အိမ် ၃ လုံး ရစရာ မရှိအောင် ပျက်စီး

    • အိမ် ၆ လုံး အကြီးအကျယ် ပျက်စီး

  • ဂွါတီမာလာ

    • မြေပြိုမှုကြောင့် အိမ် ၂ လုံး ရစရာ မရှိအောင် ပျက်စီး

  • ဟွန်ဒူးရပ်စ်

    • ဝတ်ပြုရာခန်းမ ၇ လုံး အနည်းငယ် ပျက်စီး

  • နီကာရာဂွါ

    • အိမ် ၇၃ လုံး အကြီးအကျယ် ပျက်စီး

  • ဂရန်း ကေမန်ကျွန်းစု

    • အိမ် ၄ လုံး အကြီးအကျယ် ပျက်စီး

    • ဝတ်ပြုရာခန်းမ ၁ လုံး အနည်းငယ် ပျက်စီး

  • ဂျမေကာ

    • အိမ် ၅၀ လုံး အကြီးအကျယ် ပျက်စီး

    • ဝတ်ပြုရာခန်းမ ၁ လုံး အကြီးအကျယ် ပျက်စီး

  • အမေရိကန်ပြည်ထောင်စု

    • အိမ် ၁၄၁ လုံး အကြီးအကျယ် ပျက်စီး

    • ဝတ်ပြုရာခန်းမ ၉ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေးလုပ်ငန်း

  • ဗဟိုအမေရိက ဌာနခွဲက သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ သုံးခုကို တာဝန်ပေးတယ်။ ကော်မတီ နှစ်ခုက မက္ကဆီကိုမှာ၊ ကော်မတီတစ်ခုက ဟွန်ဒူးရပ်စ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ မုန်တိုင်းဘေးသင့်တဲ့ တခြားနိုင်ငံတွေမှာလည်း ကယ်ဆယ်ရေး ကော်မတီက ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်

  • အမေရိကန်ပြည်ထောင်စု ဌာနခွဲ နယ်မြေမှာ အသင်းတော်တွေ၊ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတွေက ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေပါတယ်

  • ဘေးသင့်ဒေသရှိ တိုက်နယ်ကြီးကြပ်မှူးတွေဟာ ဘေးသင့်မိသားစုတွေကို ကျမ်းစာနဲ့ အားပေးနေကြတယ်

  • ဘေးကင်းဒေသရှိ ဒေသခံ ညီအစ်ကို/မတွေဟာ မုန်တိုင်းဘေးကြောင့် ပြောင်းရွှေ့လာသူတွေ စားဖို့၊ နေဖို့ ဆက်ကူညီပေးနေပါတယ်

  • ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ရင်း ကိုဗစ်-၁၉ စည်းကမ်းချက်တွေကိုလည်း ဂရုတစိုက် လိုက်နာကြပါတယ်

ဒီမုန်တိုင်းကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးရပေမဲ့ ညီအစ်ကို/မတွေ ရိုင်းပင်းကူညီနေကြပါတယ်။ ယေဟောဝါဟာ အခုလို “ဒုက္ခရောက်ချိန်မှာ လုံခြုံတဲ့ခိုလှုံရာ” ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။—ဆာလံ ၉:၉