၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ
ရာမာပို ဌာနချုပ် စီမံကိန်း
မြို့ဘုတ်အဖွဲ့က မြေစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းသစ် ထုတ်လိုက်လို့ ဆောက်လုပ်ရေး ဆိုက်အတွက် လမ်းဖောက်ခွင့် ရ
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်မှာ ရာမာပိုမြို့ ဘုတ်အဖွဲ့က မြေစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းသစ် ထုတ်လိုက်တဲ့အတွက် ရာမာပို ဆောက်လုပ်ရေး စီမံကိန်း ကော်မတီ (CPC) ဟာ အထူးခွင့်ပြုချက် တစ်ခုနဲ့ စီမံကိန်း စတင်ခွင့် လျှောက်လို့ ရသွားတယ်။ a
ဒါ့အပြင် ကန်ထရိုက်တာတွေက ရာမာပို အဆောက်အအုံ ဝင်လမ်းကို ချဲ့ပြီး နည်းနည်း ပြင်လိုက်တယ်။ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေကလည်း ဆောက်လုပ်ရေးဆိုက် ဝင်ပေါက်နားက ကားလမ်းမှာရှိတဲ့ ကျောက်တုံး တံတားအဟောင်းကို ပြန်မွမ်းမံတာ ပြီးသွားကြပြီ။ ဆောက်လုပ်ရေး ပစ္စည်းတင်ကား၊ လူနာတင်ယာဉ်၊ မီးသတ်ကား ဖြတ်လို့ ရအောင် တံတား ချဲ့လိုက်ကြတယ်။ တံတား ကြံ့ခိုင်အောင် အောက်ကနေ ထောက်လိုက်ကြတယ်။ ဆောက်လုပ်ရေး ပဏာမ အဆင့်မှာ ယာဉ်အားလုံး ဒီတံတားကနေ ဖြတ်နိုင်မှာ ဖြစ်တယ်။
CPC မှာ လုပ်တဲ့ ညီအစ်ကို မက်သရူး မော်ဒက်ခီက “မြေရာစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း ပြောင်းသွားလို့ အထူးခွင့်ပြုချက် တစ်ခုနဲ့ စီမံကိန်း စတင်ခွင့် ဆက်တိုက် လျှောက်လို့ ရသွားတယ်။ ခွင့်ပြုချက် ရတာနဲ့ ၂၀၂၂၊ ဒီဇင်ဘာလ အစောဆုံး ထားပြီး မြေနေရာကို စရှင်းလင်းကြမယ်” လို့ ပြောတယ်။
ဒီဆောက်လုပ်ရေး စီမံကိန်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါဘုရား “အောင်မြင်ခွင့် ပေး” ဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေကြပါတယ်။—နေဟမိ ၁:၁၁။
a မြေရာစီမံခန့်ခွဲမှုဆိုင်ရာ ဒီစည်းမျဉ်း မပြင်ခင်တုန်းက ဒီနေရာကို “အထူး လူနေ အဆောက်အအုံ မြေနေရာ” အဖြစ်ပဲ ရည်ရွယ်ထားခဲ့တာ ဖြစ်တယ်။