မာတိကာဆီ ကျော်သွား

ညီအစ်ကို အာသမ် ရှက်ဘလီ

ဧပြီ ၁၊ ၂၀၂၂
ကမ္ဘာတစ်ဝန်းက သတင်းများ

ယေဟောဝါရဲ့ ကွယ်ကာမှုဟာ ‘ကျောက်တံတိုင်း လိုပါပဲ’

ယေဟောဝါရဲ့ ကွယ်ကာမှုဟာ ‘ကျောက်တံတိုင်း လိုပါပဲ’

၂၀၂၂၊ ဖေဖော်ဝါရီ ၁၆ မှာ ခရိုင်းမီးယား သမ္မတနိုင်ငံ၊ ခက်ချ်မြို့နယ်တရားရုံးက ညီအစ်ကို အာသမ် ရှက်ဘလီကို အပြစ်ရှိတယ်လို့ စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။ ဒီအချိန်မှာ အကျဉ်းထောင်ထဲ သွားစရာမလိုပါ။

အချိန်ပြ ဇယား

  1. မေ ၂၆၊ ၂၀၂၀

    လုံခြုံရေးတပ်တွေက ခရိုင်းမီးယားက အာသမ်နဲ့ ယေဟောဝါသက်သေတွေရဲ့ တခြားမိသားစု လေးစုရဲ့အိမ်တွေကို ဝင်ရောက်စီးနင်း ခဲ့ကြတယ်။ အာဏာပိုင်တွေက ပြတင်းပေါက်ကို ခွဲပြီးဝင်တော့ အာသမ်ရဲ့ လေးနှစ်သားလေး ခြေထောက်တွေကို မှန်ကွဲတွေ ရှသွားတယ်။ သုံးနာရီကြာ ရှာဖွေပြီးနောက် အာသမ်ကို ဖမ်းသွားတယ်၊ သီးခြားအခန်းမှာ သုံးရက် ချုပ်ထားတယ်။

  2. ဇွန် ၉၊ ၂၀၂၀

    အာသမ်က ခက်ချ်မြို့နယ်တရားရုံးကို သူ့ကို ရုံးတင်ရတဲ့ ရှာဖွေမှုမှတ်တမ်း ပြဖို့ တရားရုံးကို တောင်းခံခဲ့တယ်။ ဥပဒေအရ တောင်းခံတာကို ပြရပေမဲ့ တရားရုံးက ပြဖို့ ငြင်းဆန်ခဲ့တယ်။

  3. မေ ၂၄၊ ၂၀၂၁

    အမှု စကြားနာတယ်။ ထောက်မဖို့ ညီအစ်ကို/မတွေ အများကြီး တရားရုံးကို လာကြပေမဲ့ တရားရုံးထဲ ဝင်ခွင့် မရခဲ့ကြဘူး။

ကိုယ်ရေးအကျဉ်း

အာသမ်တွေ့ကြုံခဲ့ရသလို ယေဟောဝါက သစ္စာရှိစွာ ဝတ်ပြုနေသူတွေကို သစ္စာရှိရှိ ထောက်မနေတယ်။ ကိုယ်တော်ဟာ ခရိုင်းမီးယားနဲ့ ရုရှားက ချစ်ရတဲ့ ညီအစ်ကို/မတွေအတွက် ကျောက်ဆောင်၊ ရဲတိုက်နဲ့ လုံခြုံတဲ့ခိုလှုံရာ ဆက်ဖြစ်နေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချကြတယ်။—ဆာလံ ၁၈:၂