၂၀၂၂၊ ဧပြီ ၄
ကမ္ဘာတစ်ဝန်းက သတင်းများ
ယေဟောဝါသက်သေတွေ လူကိုယ်တိုင် တက်တဲ့ အစည်းအဝေး ပြန်ကျင်းပ
၂၀၂၂၊ ဧပြီ ၁ ရက်ကစပြီး ယေဟောဝါသက်သေတွေဟာ လူကိုယ်တိုင် တက်တဲ့ အစည်းအဝေးတွေ ပြန်ကျင်းပနေကြပြီ။ အစပိုင်းမှာ ညီအစ်ကို၊ ညီအစ်မတွေ အမျိုးမျိုး စိုးရိမ်မိနိုင်ပေမဲ့ ရယ်မောလိုက်၊ ဝမ်းသာ မျက်ရည်တွေ ကျလိုက်၊ နိုင်ငံတော် သီချင်းတွေ အားရပါးရ ဆိုလိုက်နဲ့ အဲဒီစိုးရိမ်မှုတွေ ချက်ချင်း ပျောက်သွားတယ်။
တချို့အတွက်တော့ နိုင်ငံတော်ခန်းမကို ရောက်ဖူးတာ ဦးဆုံးအကြိမ်ပဲ။
“နိုင်ငံတော်ခန်းမမှာ လူကိုယ်တိုင် တက်ဖူးတာ ဦးဆုံးအကြိမ်ပဲ။ ဗီဒီယို ချိတ်ဆက်မှုကတစ်ဆင့် အမှန်တရား သိလာပြီး ကျွန်တော် နှစ်ခြင်းခံတော့လည်း ဇွန်း (zoom) ကနေ လွှင့်ပေးတယ်။ လူကိုယ်တိုင် တက်တဲ့ အစည်းအဝေးတွေအကြောင်း ဗီဒီယို အများကြီး ကြည့်ထားတော့ ဘယ်လိုလဲဆိုတာ သိနေတယ်။ ညီအစ်ကို၊ ညီအစ်မတွေရဲ့ မေတ္တာ၊ ပျော်ရွှင်မှု၊ ကြင်နာမှုတွေကြောင့် သိပ်ပျော်တယ်” လို့ ပိုလန်နိုင်ငံက ညီအစ်ကို ကီဇီစတော့ ဟိုဇိုစကီ ပြောတယ်။
၂၀၂၀၊ မတ်လ၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ စပြီးနောက် ယေဟောဝါသက်သေတွေဟာ ဗီဒီယို ချိတ်ဆက်မှုနဲ့ပဲ အစည်းအဝေးတွေ ကျင်းပတယ်။ အခုလည်း လူကိုယ်တိုင် မတက်နိုင်သူတွေဟာ ဗီဒီယို ချိတ်ဆက်မှုနဲ့ပဲ ဆက်တက်နိုင်ပါတယ်။
“နှစ်နှစ်အတွင်း ညီအစ်ကို၊ ညီအစ်မတွေနဲ့ ဦးဆုံးအကြိမ် ပြန်တွေ့ရတာမို့ တေးသံ စပြီး သီချင်း စဆိုချိန်မှာ ပြောမပြတတ်အောင် စိတ်လှုပ်ရှားမိတယ်” လို့ စကော့တလန်၊ အယ်ဒင်ဘာ့ဂ်မြို့က ညီအစ်ကို နေးလ် ကမ့်ဘဲ ပြောတယ်။
လူကိုယ်တိုင် တက်တဲ့ အစည်းအဝေးတွေ ပြန်ကျင်းပနိုင်အောင် ကောင်းချီးပေးလို့ ယေဟောဝါကို ကျွန်တော်တို့ သိပ်ကျေးဇူးတင်ကြတယ်။—ဆာလံ ၈၄:၁၀။
အင်ဂိုလာ
အာမေးနီးယား
ဩစတြေးလျ
ချက်သမ္မတနိုင်ငံ
အီကွေဒေါ
ဂျာမနီ
ဂရိ
ဂီနီ
ဂျပန်
ကာဇက်စတန်
မာလာဝီ
နယ်သာလန်
ဖိလစ်ပိုင်
ရိုမေးနီးယား
စကော့တလန်
တောင်ကိုရီးယား
စပိန်
ဆူဒန်
ထိုင်း