မာတိကာဆီ ကျော်သွား

ရုရှားနဲ့ ခရိုင်းမီးယားမှာ လက်ရှိ ထောင်ကျနေတဲ့ ညီအစ်ကို/မများ

၂၀၂၂၊ ဇန်နဝါရီ ၃
ကမ္ဘာတစ်ဝန်းက သတင်းများ

ယေဟောဝါသက်သေများအား နှိပ်စက်ညှဉ်းပန်းနေမှုကို ရပ်တန့်ဖို့ နိုင်ငံများစွာက ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ကြေညာ

ယေဟောဝါသက်သေများအား နှိပ်စက်ညှဉ်းပန်းနေမှုကို ရပ်တန့်ဖို့ နိုင်ငံများစွာက ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ကြေညာ

၂၀၂၁၊ ဒီဇင်ဘာ ၁၇ မှာ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ခံယူချက်ဆိုင်ရာ မဟာမိတ်အဖွဲ့ a (IRFBA) က ယုံကြည်ခြင်းအတွက် ဖိနှိပ်ခံနေရတဲ့ ယေဟောဝါသက်သေတွေကို ကူညီတဲ့အနေနဲ့ ပူးတွဲ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ဆင့်လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ထောင်ကျနေတဲ့ သက်သေခံအားလုံးကို လွှတ်ပေးဖို့၊ နှိပ်စက်မှု၊ အိမ်ထဲ ဝင်ရောက်ရှာဖွေမှု၊ ခွဲခြားဆက်ဆံမှုတို့ကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ခရိုင်းမီးယား၊ အီရီထရီးယား၊ ရုရှား၊ စင်္ကာပူ၊ တာဂျစ်ကစ္စတန်နိုင်ငံတို့မှာ ယေဟောဝါသက်သေ ၁၅၀ ကျော်ဟာ ယုံကြည်ချက်ကြောင့် ထောင်ကျနေကြတယ်။ IRFBA အဖွဲ့ဝင်နိုင်ငံတွေက “ယေဟောဝါသက်သေများ ယခုကဲ့သို့ ဖိနှိပ်ချုပ်ချယ်ခံနေရခြင်းကို အလွန် စိုးရိမ်ပူပန်မိကြောင်း၊” သူတို့ကို “ဒုက္ခပေးနှောင့်ယှက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ နှိပ်စက်ခြင်း မပြုဘဲ သူတို့ရဲ့ ဘာသာရေး ခံယူချက်တွေနဲ့အညီ လွတ်လပ်စွာ လုပ်ဆောင်ခွင့် ပေးသင့်ကြောင်း” ဖော်ထုတ်ထားပါတယ်။

လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့် ရထိုက်ကြောင်း တရားမျှတမှု လိုလားတဲ့ အစိုးရတွေ အခုလို ထောက်ခံပေးကြလို့ ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ယေဟောဝါဘုရားဟာ မိမိကို အပြည့်အဝ မှီခိုအားထားတဲ့ ဒီညီအစ်ကို/မတွေကို စောင့်ရှောက်ပေးမယ်၊ “တည်မြဲတဲ့ ငြိမ်သက်မှု” ပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—ဟေရှာယ ၂၆:၃