မေ ၁၆၊ ၂၀၁၇
ကမ္ဘာတစ်ဝန်းက သတင်းများ
သက်သေခံတွေရဲ့ အစည်းအဝေးကြီးအစီအစဉ် စတင်
နယူးယောက်—၂၀၁၇၊ မေ ၁၉ ရက်မှာ “လက်မလျှော့နဲ့” ဆိုတဲ့ ယေဟောဝါသက်သေတွေရဲ့ သုံးရက်ကြာ ခရိုင်အစည်းအဝေး အစီအစဉ် စတင်ပါတော့မယ်။ နှစ်စဉ်ကျင်းပနေကျ ဒီအစီအစဉ်ကို ၂၀၁၈ နှစ်ဦးပိုင်းအထိ ကမ္ဘာတစ်ဝန်းက ရွေးချယ်ထားတဲ့နေရာတွေမှာ ကျင်းပပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တွေမှာလိုပဲ သက်သေခံတွေဟာ ဒီအစီအစဉ်ကို တက်ရောက်ဖို့ လူတိုင်းကို ဖိတ်ခေါ်နေပါတယ်။
ဝင်ကြေးပေးစရာ မလိုသလို အလှူငွေလည်း မကောက်ပါဘူး။ နယူးယောက်၊ ဝေါဝစ် ကမ္ဘာ့ဌာနချုပ်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် အေ စမိုးနီယံက “ပြီးခဲ့တဲ့နှစ် ကမ္ဘာတစ်ဝန်းမှာ ကျင်းပတဲ့ အစည်းအဝေးကြီးတွေကို ဆယ့်သုံးသန်းနီးပါး တက်ရောက်ခဲ့တယ်။ ဒီနှစ်တော့ တက်ရောက်သူ ပိုများမယ်လို့ ကျွန်တော်တို့ ယူဆတယ်” လို့ ပြောတယ်။
ဒီအစီအစဉ်မှာ ၅၂ ပိုင်း ပါဝင်ပြီး ဟောပြောချက်တိုလေးတွေ၊ လူတွေ့မေးမြန်းခန်းတွေ၊ ဗီဒီယိုတိုလေးတွေ စတဲ့ ပုံစံအမျိုးမျိုးနဲ့ တင်ဆက်ပါလိမ့်မယ်။ လောတရဲ့ဇနီးကို သတိရကြ ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းကို အပိုင်းသုံးပိုင်းခွဲပြီး မွန်းလွဲပိုင်းတိုင်းမှာ ပြသပါလိမ့်မယ်။ အစည်းအဝေးကြီးကျင်းပမယ့် နေရာနဲ့ ရက်စွဲကို ယေဟောဝါသက်သေတွေရဲ့ တရားဝင်ဝက်ဘ်ဆိုက် www.pr418.com/mya မှာ ရှာကြည့်ပါ။ သိချင်တာတွေရှိရင် သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
“ဘဝမှာကြုံတွေ့ရတဲ့ ဒုက္ခသုက္ခတွေကြောင့် ကျွန်တော်တို့ စိတ်ဆင်းရဲရတယ်။ တချို့ဆိုရင် လက်လျှော့အရှုံးပေးချင်စိတ် ပေါ်လာတဲ့အထိပဲ။ ဒီနှစ် အစည်းအဝေးကြီးက ခံနိုင်ရည်ဆက်ရှိဖို့၊ အခက်အခဲတွေကို အောင်မြင်ကျော်လွှားဖို့ ယောက်တိုင်းကို ကူညီပေးမှာဖြစ်လို့ သက်သေခံတွေကော သက်သေခံမဟုတ်သူတွေပါ အကျိုးခံစားရပါလိမ့်မယ်” လို့ စမိုးနီယံက ပြောတယ်။
Media Contact:
David A. Semonian, Office of Public Information, +1-845-524-3000