မာတိကာဆီ ကျော်သွား

မေ ၁၊ ၂၀၁၈
ကမ္ဘာတစ်ဝန်းက သတင်းများ

ယေဟောဝါ​သက်သေ​များ နှစ်စဉ်​ကျင်းပတဲ့ အစည်းအဝေးကြီး​တွေကို ၂၀၁၈ မေလ​ကနေ စတင်​ကျင်းပ​မယ်

ယေဟောဝါ​သက်သေ​များ နှစ်စဉ်​ကျင်းပတဲ့ အစည်းအဝေးကြီး​တွေကို ၂၀၁၈ မေလ​ကနေ စတင်​ကျင်းပ​မယ်

နယူးယောက်။ ယေဟောဝါ​သက်သေ​များ နှစ်စဉ်​ကျင်းပတဲ့ အစည်းအဝေးကြီး​တွေကို ၂၀၁၈၊ မေ ၁၈၊ သောကြာ​နေ့​က​စပြီး ကျင်းပ​ပါတော့မယ်။ ဒီ​နှစ် အစည်းအဝေးကြီး​ရဲ့ ခေါင်းစဉ်​က “ရဲစွမ်းသတ္တိ ရှိပါ” ဖြစ်တယ်။ အစည်းအဝေးကြီး မ​ကျင်းပ​မီ ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါ​သက်သေတွေဟာ အခမဲ့​ဖြစ်တဲ့ ဒီ​အစီအစဉ်ကို တက်ရောက်​ကြဖို့ လူအများ​ကို ဖိတ်ခေါ်​တဲ့ ကင်ပိန်း​မှာ ပါဝင်​ကြမယ်။ ဒီ​အစည်းအဝေးကြီး​ကို နိုင်ငံနဲ့ နယ်မြေ​ပေါင်း ၁၈၀ မှာ ကျင်းပ​ပါ​မယ်။

သုံးရက်ကြာ​ကျင်းပမယ့် အစီအစဉ်မှာ တင်ဆက်မှု ၅၄ ခု​ပါဝင်​ပြီး ဟောပြောချက်၊ အသံ​ပြဇာတ်၊ လူတွေ့မေးမြန်းခန်း၊ ဗီဒီယို​အတို​တွေ ပါတယ်။ ဒါ့အပြင် ရဲစွမ်းသတ္တိနဲ့ ကရုဏာ​အကြောင်း ယောန​ဇာတ်လမ်း ရုပ်ရှင်​ကို အစည်းအဝေးကြီး နောက်ဆုံးနေ့ အစီအစဉ်မှာ တင်ဆက်​မယ်။ နေ့တိုင်း၊ နံနက်ပိုင်း​နဲ့ မွန်းလွဲပိုင်း အစီအစဉ်ကို အစည်းအဝေးကြီး​အတွက် အထူး​ပြင်ဆင်ထား​တဲ့ တေး​ဗီဒီယို တင်ဆက်မှု​နဲ့ စတင်​ပါ​မယ်။

ယေဟောဝါသက်သေများရဲ့ ပြောရေးဆိုခွင့်​ရှိသူ ဒေးဗစ် အေ. ဆီ​မို​နီ​ယန် ဒီလို​ပြောတယ်– “ဒီနေ့ သတင်းကို ကြည့်တဲ့အခါ လူတွေဟာ ဘယ်​အသက်အရွယ်​ပဲ​ဖြစ်ပါစေ အရင်ကထက် စိုးရိမ်​ပူပန်၊ ထိတ်လန့်​ကြောက်ရွံ့​စရာတွေ ရင်ဆိုင်​နေရ​တယ်​ဆိုတာ အထင်းသား တွေ့နိုင်တယ်။ ဒီ​ဖိအားတွေကို ရင်ဆိုင်ဖို့ ရဲစွမ်းသတ္တိ လိုတယ်။ သမ္မာကျမ်းစာမှာ​ပါတဲ့ လက်တွေ့ကျ အကြံပြုချက်တွေက​နေ အကျိုး​ရအောင် ဒီ​နှစ် အစည်းအဝေးကြီး​ကို တက်ရောက်​ဖို့ လူတိုင်းကို ဖိတ်ခေါ်​ပါတယ်။”

အစည်းအဝေးကြီး​တွေ ကျင်းပမယ့် ရက်စွဲ​နဲ့ နေရာကို ယေဟောဝါသက်သေများရဲ့ တရားဝင်​ဝက်ဘ်ဆိုက် jw.org မှာ​တွေ့​နိုင်ပါတယ်။

Media Contact: