မာတိကာဆီ ကျော်သွား

ရာမာပိုမြေနေရာမှာ ဆောက်လုပ်ရေး စတင်နိုင်ဖို့ ပြင်ဆင်ရှင်းလင်းရာမှာ သစ်ပင်ခုတ်လှဲတာလည်း ပါဝင်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ရာမာပို ဌာနချုပ် စီမံကိန်း

ရာမာပို ဆောက်လုပ်ရေးအတွက် ခွင့်ပြုချက်ရပြီ

ရာမာပို ဆောက်လုပ်ရေးအတွက် ခွင့်ပြုချက်ရပြီ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်မှာ ရာမာပိုမြို့ ဘုတ်အဖွဲ့ဟာ ရာမာပိုမြေနေရာပေါ် အဆောက်အအုံတွေ ဆောက်လုပ်ဖို့ ခွင့်ပြုပေးလိုက်ပါပြီ။ ဒီခွင့်ပြုချက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်နိုင်ပြီ။

အနာဂတ်မှာ မြင်တွေ့ရမယ့် ရာမာပို အဆောက်အအုံများ

၂၀၂၃ ခုနှစ်၊ ဇွန်လမှာ ရာမာပို အဆောက်အအုံနဲ့ပတ်သက်တဲ့ ခွင့်ပြုချက်တချို့ ရရှိခဲ့တယ်။ ရှေ့မှာ ရရှိခဲ့တဲ့ ခွင့်ပြုချက်တွေကြောင့် သစ်ပင် ခုတ်လှဲတာလိုမျိုး ရာမာပို မြေနေရာ ပြင်ဆင်ရှင်းလင်းတဲ့အလုပ်တွေ စနိုင်ခဲ့တယ်။ အခုတော့ ပင်မ ဝင်ပေါက် ဆောက်လုပ်တာ၊ အဆောက်အအုံ အုတ်မြစ်ချဖို့ ကျောက်တုံးတွေ ဖယ်ရှားရှင်းလင်းတာ စသဖြင့် လုပ်ဆောင်နိုင်ပြီ။ မြေတူးတာ၊ ရေပိုက်လိုင်း တပ်ဆင်တာလို အရေးကြီးလုပ်ဆောင်မှုတွေလည်း မကြာခင် စတင်ပါတော့မယ်။

ဆောက်လုပ်ရေး စီမံကိန်း ကော်မတီဝင် ညီအစ်ကို ကယ်ဗင် ပေ့ချ် အခုလိုပြောတယ်– “ခွင့်ပြုချက် ရပြီဆိုတော့ စိတ်လှုပ်ရှားလိုက်တာ။ ကျွန်တော်တို့ရဲ့ စိတ်ရှည်မှု၊ ကြိုးစားအားထုတ်မှုကို ယေဟောဝါ တောက်လျှောက်ကောင်းချီးပေးခဲ့တာ မြင်တွေ့ရတယ်။ ဒီအဆင့်အထိ ရောက်လာတာ ယေဟောဝါရဲ့ ကျေးဇူးကြောင့်ပါ။ ဒီစီမံကိန်းကို လုပ်ဆောင်နေတဲ့အခါမှာလည်း ဘုရားကောင်းချီး ဆက်ရဖို့ ဆုတောင်းပါတယ်။”

ရာမာပိုမှာ အဆောက်အအုံတွေ ဆောက်လုပ်နိုင်ပြီဆိုတဲ့ သတင်းကြားရလို့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအနေနဲ့ ကျွန်တော်တို့ စိတ်လှုပ်ရှားမိတယ်။ ဒီစီမံကိန်းမှာ ပါဝင်ကူညီမယ့်သူတွေကို ယေဟောဝါ ဆက်ပြီး ကောင်းချီးပေးဖို့ ဆုတောင်းပေးပါတယ်။—ဟဂ္ဂဲ ၁:၁၄