မာတိကာဆီ ကျော်သွား

ရာမာပိုမြေကွက်ကို အပေါ်စီးကနေ မြင်ရပုံ။ သစ်ပင်ခုတ်ထားတဲ့ မြေနေရာမှာ ဆောက်လုပ်ရေးလုပ်မှာဖြစ်။ အတွင်းပုံ– လျှပ်စစ်လွှစက်နဲ့ သစ်ပင်ဖြတ်နေစဉ်

၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ရာမာပို ဌာနချုပ် စီမံကိန်း

ရာမာပို ဆောက်လုပ်ရေးအတွက် ပြင်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေ

ရာမာပို ဆောက်လုပ်ရေးအတွက် ပြင်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေ

၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်မှာ နယူးယောက်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ရာမာပိုဆောက်လုပ်ရေး မြေနေရာက သစ်ပင်တွေကို ခုတ်လှဲခွင့်ပြုခဲ့တယ်။ သစ်ပင်ခုတ်ရာသီမကုန်ခင် နှစ်ပတ်အလို မတ် ၁၈ ရက်မှာ သစ်ပင်တွေ ခုတ်တာ ပြီးသွားတယ်။

ရာမာ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီရဲ့ ညှိနှိုင်းရေးမှူး ညီအစ်ကို ရောဘတ် မက်ရက်မန် အခုလိုပြောတယ်– “ဒီလိုဆောက်လုပ်ရေးစီမံကိန်းကြီးတွေကို စဖို့ဆိုရင် အဆင့်အများကြီးကျော်ဖြတ်ရတာဆိုတော့ ခွင့်ပြုချက်တစ်ခုရလည်း တစ်ခုအလျောက် တစ်ဆင့်ပိုနီးစပ်လာတာပေါ့။ ယေဟောဝါဘုရားက အခုအချိန်ထိ အတားအဆီးတွေ အများကြီး ဖယ်ရှားပေးခဲ့တာ။ ရှေ့လျှောက်လည်း ဘယ်လို ဆက်ကူညီပေးမလဲဆိုတာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေပါတယ်။”—ဟေရှာယ ၅၇:၁၄

ဆောက်လုပ်ရေး ခွင့်ပြုချက်အားလုံးရဖို့ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီက ဒေသခံအာဏာပိုင်တွေနဲ့ ဆက်လက်ပူးပေါင်း လုပ်ဆောင်နေပါတယ်။