မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေ ရရှိတဲ့ ထူးချွန်ပြောင်မြောက်သော အဆောက်အအုံများဆုကို ရာမာပို အဆောက်အအုံပုံစံငယ်အပေါ် တင်ထား

၂၀၂၃ ခုနှစ်၊ မတ် ၂၈ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ရာမာပို ဌာနချုပ် စီမံကိန်း

ရာမာပို အဆောက်အအုံ ဒီဇိုင်းအတွက် ယေဟောဝါသက်သေတွေကို နယူးယောက်ပြည်နယ် ဆုချီးမြှင့်

ရာမာပို အဆောက်အအုံ ဒီဇိုင်းအတွက် ယေဟောဝါသက်သေတွေကို နယူးယောက်ပြည်နယ် ဆုချီးမြှင့်

နယူးယောက်ပြည်နယ် စွမ်းအင်သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့က (NYSERDA) ကျင်းပတဲ့ ထူးချွန်ပြောင်မြောက်သော အဆောက်အအုံများ ပြိုင်ပွဲမှာ ယေဟောဝါသက်သေတွေ အနိုင်ရရှိခဲ့လို့ ဆုငွေ ဒေါ်လာ ၁ သန်း ချီးမြှင့်ခံရတယ်။ ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ ရာမာပိုအဆောက်အအုံဒီဇိုင်းကြောင့် ဆုရတာ ဖြစ်တယ်။ a ရာမာပိုမြို့နဲ့ ရော့လန်းစီရင်စုနယ်မှာ ဦးဆုံးအကြိမ် ဆုရခဲ့တဲ့ ဆောက်လုပ်ရေးစီမံကိန်းပါပဲ။

ဆောက်လုပ်ရေးစီမံကိန်း ကော်မတီအဖွဲ့ဝင် ညီအစ်ကို ကိသ် ကေဒီ အခုလို ပြောတယ်– “စွမ်းအင် ချွေတာဖို့၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရာမာပို အဆောက်အအုံတွေကို ဒီဇိုင်းဆွဲခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆောက်လုပ်ရေး မစခင်ကတည်းမှာတောင် ဒီဆုကို ချီးမြှင့်ပေးလို့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဒီဆုကြေးငွေကို ယေဟောဝါသက်သေတွေရဲ့ လှူဒါန်းငွေတွေနဲ့အတူ အကောင်းဆုံး အသုံးပြုသွားမှာပါ။”

ထူးချွန်ပြောင်မြောက်သော အဆောက်အအုံများပြိုင်ပွဲလို ပြိုင်ပွဲမျိုး အမေရိကန်နိုင်ငံမှာ ဒီတစ်ခုပဲ ရှိပါတယ်။ ၂၀၁၉၊ မတ်လမှာ စတင် ကျင်းပချိန်ကစလို့ အခုအချိန်ထိ စီမံကိန်း ၆၃ ခုကို ဆုချီးမြှင့်ခဲ့ပါပြီ။ NYSERDA ရဲ့ တရားဝင် ဝက်ဘ်ဆိုက်အရ ဆုရရှိခဲ့တဲ့ စီမံကိန်းတွေဟာ “အနာဂတ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လုပ်မှုကို လျော့ချတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ကြဖို့ ဆောက်လုပ်ရေးလောကကို အားပေးလှုံ့ဆော်နေပါတယ်။”

အာဏာပိုင်တွေဆီက အသိအမှတ်ပြုခံရပြီး ယေဟောဝါဘုရားကို ဂုဏ်တင်ချီးမွမ်းမှု ဖြစ်စေခဲ့လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။—မဿဲ ၅:၁၆

a “စတာလင်တန်ရှိ လူနေအဆောက်အအုံများ” ဆိုတဲ့ နာမည်နဲ့ ပြိုင်ပွဲဝင်ခဲ့တယ်။