အောက်တိုဘာ ၁၅၊ ၂၀၂၁
ကမ္ဘာတစ်ဝန်းက သတင်းများ
ရွေးချယ်ထားတဲ့ ဒေသတွေမှာ လူချင်း တွေ့ဆုံနိုင်တဲ့ အစည်းအဝေးတွေ ပြန်လုပ်မယ်လို့ အုပ်ချုပ်ရေးအဖွဲ့ ကြေညာ
ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့က လူကိုယ်တိုင် တက်ရောက်နိုင်တဲ့ အစည်းအဝေးတွေ ပြန်လုပ်မယ့် အစီအစဉ်မှာ ပါဝင်ဖို့ ဌာနခွဲတချို့ကို ဖိတ်ခေါ်ထားတယ်။ အဲဒီဌာနခွဲတွေက ကာကွယ်ဆေး ထိုးနှံမှုနှုန်း များပြီး ရောဂါကူးစက်မှုနှုန်း နည်းတဲ့ ဒေသမှာ ရှိတဲ့ နိုင်ငံတော်ခန်းမတွေကို ရွေးချယ်ပါမယ်။ အဆောက်အအုံထဲ စုဆုံမှုအတွက် ဒေသအစိုးရ ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဒီအစီအစဉ်ကို လုပ်ဆောင်ပါမယ်။ ၂၀၂၁၊ အောက်တိုဘာ ၁၅၊ သောကြာနေ့မှာ ကမ္ဘာတစ်ဝန်းက ဗေသလအိမ်သားတွေကို ဒီကြေညာချက် ဖတ်ပြခဲ့တယ်။
ဒီအစီအစဉ် ရလဒ်ပေါ် မူတည်ပြီး နောက်ထပ် အသင်းတော်တွေကိုလည်း အစည်းအဝေးတွေ ပြန်လုပ်ဖို့ ခွင့်ပြုနိုင်ပါတယ်။ အများစုအတွက် လူကိုယ်တိုင် ပါဝင်နိုင်တဲ့ အဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်မှုတွေကိုတော့ ၂၀၂၂၊ ဇန်နဝါရီ ၁ ရက်အထိ ဆိုင်းငံ့ထားမယ်လို့ ကြေညာချက်မှာ ပါတယ်။
ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေကို ဂရုစိုက်ပေးတာ၊ အဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်မှုတွေ ပြန်လုပ်ဆောင်နိုင်ဖို့ ပညာရှိရှိ စီစဉ်ပေးတာတွေအတွက် အုပ်ချုပ်ရေးအဖွဲ့ကို ကျွန်တော်တို့ အလွန် ကျေးဇူးတင်ပါတယ်။ ဒီအစီအစဉ်တွေအပေါ် ယေဟောဝါဘုရား ဆက်လမ်းညွှန်ပေးပြီး ကောင်းချီးပေးဖို့ ဆုတောင်းကြပါစို့။—ပညာအလိမ္မာ ၁၄:၁၆။