မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ ဇွန် ၁ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

လူထုရှေ့ သက်သေခံခြင်း ပြန်လည်စတင်

လူထုရှေ့ သက်သေခံခြင်း ပြန်လည်စတင်

၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ အုပ်ချုပ်ရေးအဖွဲ့က ဌာနခွဲကော်မတီကို တစ်အိမ်တက်ဆင်း မဟုတ်တဲ့ လူထုရှေ့သက်သေခံခြင်း ပုံစံအားလုံးကို ပြန်လည်စတင်နိုင်ကြောင်း အသိပေးခဲ့တယ်။ ဌာနခွဲကော်မတီတစ်ခုစီက ဒေသအခြေအနေအလိုက် အစိုးရရဲ့ကန့်သတ်ချက် စည်းမျဉ်းတွေကို ထည့်သွင်းစဉ်းစားပြီး မကြာခင် အသင်းတော်တွေကတစ်ဆင့် လမ်းညွှန်ချက်တွေ ထပ်ပေးပါလိမ့်မယ်။ (ရောမ ၁၃:⁠၁) ကျွန်တော်တို့ တခြားသူတွေကို ဘုရားနိုင်ငံတော်သတင်းကောင်းကို ဟောဖို့ နောက်ထပ်အခွင့်အရေး ရရှိတဲ့အတွက် ဝမ်းမြောက်ဝမ်းသာလှပါတယ်။​—⁠မဿဲ ၂၈:​၁၉၊၂၀