မာတိကာဆီ ကျော်သွား

အနာဂတ်မှာ မြင်တွေ့ရမယ့် ရာမာပို အဆောက်အအုံများ

ဧပြီ ၂၇၊ ၂၀၂၂
ကမ္ဘာတစ်ဝန်းက သတင်းများ

ရာမာပို ဌာနချုပ် စီမံကိန်း

ဝင်ပေါက်လမ်းလုပ်ဖို့ အစိုးရ ခွင့်ပြုချက်ပေး၊ ဆောက်လုပ်ရေးအတွက် အပြီးသတ် ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေ

ဝင်ပေါက်လမ်းလုပ်ဖို့ အစိုးရ ခွင့်ပြုချက်ပေး၊ ဆောက်လုပ်ရေးအတွက် အပြီးသတ် ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေ

၂၀၂၂၊ မတ်လ ၈ ရက်မှာ ရာမာပို ဆောက်လုပ်ရေး စီမံကိန်းရဲ့ ဆောက်လုပ်ရေး စီမံကိန်း ကော်မတီ (CPC) က တက်ဆီဒို မြို့တော်စီမံချက် ဘုတ်အဖွဲ့ဆီကနေ အရေးကြီးတဲ့ ခွင့်ပြုချက်တစ်ခု ရခဲ့တယ်။ ဒါက ရာမာပို မြေနေရာကို သွားမယ့် ဝင်ပေါက်လမ်းကို တိုးချဲ့ပြုပြင်ဖို့ ခွင့်ပြုချက် ဖြစ်ပါတယ်။ ရာမာပို မြို့တော်စီမံချက် ဘုတ်အဖွဲ့ကနေ ရာမာပို ဆောက်လုပ်ရေး စီမံကိန်းစဖို့အတွက် အပြီးသတ် ခွင့်ပြုချက်ရဖို့ ညီအစ်ကိုတွေ ဆက်ကြိုးစားနေကြပါတယ်။ a

CPC ကို ကြီးကြပ်ပေးနေတဲ့ ညီအစ်ကို ရောဘတ် မက်ရက်မန် ဒီလို ပြောတယ်– “ဒီစီမံကိန်းကို စတင်လုပ်ဆောင်ပြီး မကြာခင်မှာပဲ ရာမာပိုမြေနေရာကို သွားမယ့် ဝင်ပေါက်လမ်းကို ပြုပြင်ဖို့လိုတယ်ဆိုတာ သဘောပေါက်လာတယ်။ မကြာသေးခင်ကရတဲ့ ခွင့်ပြုချက်ကြောင့် ဝင်ပေါက်နဲ့ ဒေသခံလမ်းမကြီးကို ဆက်သွယ်ထားတဲ့ လမ်းမှာ ယာဉ်တွေ အန္တရာယ်ကင်းကင်း မောင်းနှင်နိုင်ဖို့ ကန်ထရိုက်တွေ ငှားပြီး လမ်းချဲ့တာ၊ ပြုပြင်တာတွေ လုပ်နိုင်ပြီ။ ကန်ထရိုက်တွေ အလုပ်စနေကြပြီ။ ဒီနှစ်နွေရာသီအကုန်မှာ ပြီးပါမယ်။ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေကလည်း အဲဒီလမ်းမှာရှိတဲ့ သမိုင်းဝင် ကျောက်တုံးတံတားကို ပြုပြင်တာ အပြီးသတ်နေကြပါပြီ။”

ဆောက်လုပ်ရေးမြေနေရာ ဝင်ပေါက်ကနေ တစ်မိုင်လောက် အကွာမှာရှိတဲ့ ကျောက်တုံးတံတား တချို့အပိုင်းကို ပြန်ပြုပြင်ထားစဉ်

CPC မှာပါတဲ့ ညီအစ်ကို ဂယ်ရီ စထရာဒေါက်စကီ ဒီလို ပြောတယ်– “ဒီခွင့်ပြုချက်ရလို့ ကျွန်တော်တို့ စိတ်လှုပ်ရှားခဲ့ကြတယ်။ စီမံကိန်းနဲ့ဆိုင်တဲ့ ကျန်တာတွေအတွက်လည်း ခွင့်ပြုချက် ရခါနီးပါပြီ။ ခွင့်ပြုချက်ရတာနဲ့ ကန်ထရိုက်တွေက မြေနေရာ ရှင်းလင်း၊ ပြင်ဆင်ကြမယ်။ ၂၀၂၂ နှစ်ကုန်လောက်မှာ အစပြုနိုင်မယ်။ ဒီလိုသာ ဖြစ်ခဲ့ရင် ၂၀၂၃ နှစ်လယ်လောက်မှာ စေတနာ့ဝန်ထမ်းတွေ လာကူညီနိုင်ကြမယ်။”

ဒီနောက်ဆုံးအချက်အလက်ကို သိရလို့ ဝမ်းသာပါတယ်။ ဒီစီမံကိန်းကို ယေဟောဝါ စွမ်းအားတော် ဆက်လမ်းညွှန်ပေးဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။—ဇာခရိ ၄:၆

a ရာမာပို မြေနေရာဟာ အမေရိကန်၊ နယူးယောက်ပြည်နယ်၊ အောရိန်ချ်နဲ့ ရောခ်လဲန်း ခရိုင် နှစ်ခုမှာ ပါနေတယ်။ ဒါကြောင့် CPC ဟာ တက်ဆီဒို မြို့တော်စီမံချက် ဘုတ်အဖွဲ့ဆီကရော ရာမာပို မြို့တော်စီမံချက် ဘုတ်အဖွဲ့ဆီကပါ ခွင့်ပြုချက် တောင်းခံရပါတယ်။