မာတိကာဆီ ကျော်သွား

နိုဝင်လာ ၂၉၊ ၂၀၁၈
ကမ္ဘာတစ်ဝန်းက သတင်းများ

ခရိုင်းမီးယားဒေသက ယေဟောဝါသက်သေတွေရဲ့အိမ် ရှစ်လုံးကို ရုရှားရဲတွေ ဝင်ရောက်စီးနင်း

ခရိုင်းမီးယားဒေသက ယေဟောဝါသက်သေတွေရဲ့အိမ် ရှစ်လုံးကို ရုရှားရဲတွေ ဝင်ရောက်စီးနင်း

ရုရှားဖယ်ဒရယ် လုံခြုံရေးဌာန (FSB) က ရဲ ၂၀၀ လောက်ဟာ ခရိုင်းမီးယားဒေသက ယေဟောဝါသက်သေတွေရဲ့ အိမ် ရှစ်လုံးကို ၂၀၁၈၊ နိုဝင်ဘာ ၁၅၊ ကြာသပတေးနေ့ ညနေပိုင်းမှာ ဝင်ရောက်စီးနင်းကြတယ်။

မျက်နှာဖုံးတပ် လက်နက်ကိုင် FSB ရဲတွေ ချင်းနင်းဝင်ရောက်လာမှုကြောင့် ထိတ်လန့်သွေးတက်သွားတဲ့အတွက် ယေဟောဝါသက်သေနှစ်ယောက်ကို ဆေးရုံပို့လိုက်ရတယ်။ ညီအစ်မတစ်ယောက် ကိုယ်ဝန်ပျက်ကျသွားတဲ့သတင်း ကြားရလို့လည်း စိတ်မကောင်းပါဘူး။

ဝင်ရောက်စီးနင်းချိန်မှာ ရဲတွေက ၇၈ နှစ်အရွယ် အလက်ဆန်ဒါ အူရ်ဆုကို ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြတယ်။ နံရံဘက် မျက်နှာမူ ရပ်ခိုင်းတယ်၊ မြေပေါ်လှဲချတယ်၊ လက်ထိတ်ခတ်ထားကြတယ်။ ယေဟောဝါသက်သေ အတော်များများကိုလည်း ရဲတွေ စစ်ဆေးမေးမြန်းခဲ့ကြတယ်။

ဒီအကြိမ်မှာတော့ ညီအစ်ကို ဆာဂေး ဖီလာတို့ဗ် (ဝဲဘက်မှ ပုံ) တစ်ယောက်တည်းကိုပဲ ရာဇဝတ်မှုနဲ့ စွဲချက်တင်ကြတယ်။ ခရိုင်းမီးယားကျွန်းဆွယ်နဲ့လည်း သက်ဆိုင်တယ်လို့ ဖော်ပြပြီး အာဏာပိုင်တွေက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၂.၂ အပိုင်း ၁ နဲ့ တရားစွဲဆိုကြတယ်။ ကလေး လေးယောက် ဖခင် အသက် ၄၇ နှစ်အရွယ် ညီအစ်ကို ဆာဂေးဟာ ခရိုင်းမီးယားဒေသမှာ ရုရှား အစွန်းရောက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံရတဲ့ ပထမဆုံး ယေဟောဝါသက်သေ ဖြစ်ပါတယ်။

ဝင်ရောက်စီးနင်းမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ညီအစ်ကိုတွေအတွက် ကျွန်တော်တို့ စိုးရိမ်ကြပေမဲ့ စမ်းသပ်မှုတွေ ပြည့်နေတဲ့ ဒီနောက်ဆုံးကာလအတွင်း ခွန်အားပေးဖို့ ယေဟောဝါဘုရားကို ရဲစွမ်းသတ္တိရှိရှိ မျှော်ကိုးနေကြပါတယ်။—ဟေရှာယ ၄၁:၁၀