၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ
ဟာရီကိန်းမုန်တိုင်း ဖီယိုနာ ကရစ်ဘီယန်ကျွန်းကို ဝင်ရောက်တိုက်ခတ်
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှာ ပွာတိုရီကိုနိုင်ငံနဲ့ အနီးတစ်ဝိုက်ကျွန်းတွေကို ဖီယိုနာမုန်တိုင်း ဖြတ်ကျော်တိုက်ခတ်ခဲ့တယ်။ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ရှိပြီး မိုးရေချိန်လက်မ ၂၉ လက်မ အထိရှိခဲ့တယ်။ လမ်း၊ တံတားတွေ ပျက်စီးသွားပြီး လူသောင်းနဲ့ချီ လျှပ်စစ်မီးပြတ်တောက်တဲ့ဒဏ် ခံခဲ့ရတယ်။ လမ်း၊ တံတားတွေ ပျက်စီးသွားတာကြောင့် မုန်တိုင်းဘေးသင့်သူတွေဆီ အစားအစာ၊ ရေ၊ ဆေးဝါးတွေ ပို့ပေးဖို့ အာဏာပိုင်တွေ အခက်တွေ့နေတယ်။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ပွာတိုရီကို၊ စိန့် ကစ်ကျွန်း၊ နီးဗစ်ကျွန်း၊ တာ့ခ်နှင့်ကေးကို့စ် ကျွန်းစု
ညီအစ်ကို/မ တစ်ယောက်မှ အသက်သေဆုံးခြင်းမရှိ
ကြေညာသူ ၄ ယောက် အနည်းငယ် ထိခိုက်ဒဏ်ရာရ
ကြေညာသူ ၇၅ ယောက် ဘေးလွတ်ရာထွက်ပြေး
အိမ်အလုံး ၁၄၀ အနည်းအကျဉ်း ထိခိုက်ပျက်စီး
အိမ် ၁၈ လုံး ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီး
အိမ် ၁ လုံး လုံးဝ ပျက်စီး
ဒိုမီနီကန် သမ္မတနိုင်ငံ
ညီအစ်ကို/မ တစ်ယောက်မှ အသက်သေဆုံးခြင်းမရှိ
ကြေညာသူ ၅၈ ယောက် ဘေးလွတ်ရာထွက်ပြေး
အိမ် ၅၇ လုံး အနည်းအကျဉ်း ထိခိုက်ပျက်စီး
အိမ် ၂၆ လုံး ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီး
အိမ် ၂ လုံး လုံးဝ ပျက်စီး
နိုင်ငံတော်ခန်းမ ၂ လုံး အနည်းအကျဉ်း ထိခိုက်ပျက်စီး
နိုင်ငံတော်ခန်းမ ၂ လုံး ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီး
ဂွါဒီလုနဲ့ မာတီနစ်ကျွန်း
ညီအစ်ကို/မ တစ်ယောက်မှ အသက်သေဆုံးခြင်းမရှိ
ကြေညာသူ ၁၆ ယောက် ဘေးလွတ်ရာထွက်ပြေး
အိမ် ၄၃ လုံး အနည်းအကျဉ်း ထိခိုက်ပျက်စီး
အိမ် ၂ လုံး ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီး
နိုင်ငံတော်ခန်းမ ၁၃ လုံး အနည်းအကျဉ်း ထိခိုက်ပျက်စီး
ကယ်ဆယ်ရေးလုပ်ငန်း
တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံအကြီးအကဲတွေ ဘေးဒဏ်သင့်မိသားစုတွေဆီ လည်ပတ်၊ ကျမ်းစာနဲ့ အားပေးပြီး လိုအပ်တဲ့အကူအညီတွေ ပေး
မုန်တိုင်းဘေးသင့် မိသားစုတွေဆီ အစားအစာ၊ ရေ၊ ဆေးဝါးစတဲ့ လိုအပ်ရာတွေ ပို့ပေးဖို့၊ အိမ်တွေ ပြင်ပေးဖို့ စီစဉ်နေ
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုဗစ်-၁၉ ဘေးကင်းရေးလမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်နေ
မုန်တိုင်းဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေဟာ ညီအစ်ကိုအသင်းအပင်းရဲ့ မေတ္တာပါလုပ်ရပ်တွေကနေ နှစ်သိမ့်မှုရကြမယ်ဆိုတာ ယုံကြည်ပါတယ်။—တမန်တော် ၁၁:၂၉။