မာတိကာဆီ ကျော်သွား

ဟာရီကိန်းမုန်တိုင်း အီယန်ကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံး။ ကျူးဘားနဲ့ အမေရိကန်မှာ သန်းနဲ့ချီတဲ့သူတွေဟာ လျှပ်စစ်မီး ပြတ်တောက်မှုဒဏ် ခံရ။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ဟာရီကိန်းမုန်တိုင်း အီယန်ကြောင့် ပျက်စီးဆုံးရှုံးမှု များပြား

ဟာရီကိန်းမုန်တိုင်း အီယန်ကြောင့် ပျက်စီးဆုံးရှုံးမှု များပြား

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တုန်းက ကျူးဘားနိုင်ငံမှာ ဟာရီကိန်းမုန်တိုင်း အီယန် တိုက်ခတ်ခဲ့လို့ အပျက်အစီး များခဲ့တယ်။ နောက်နေ့မှာ မုန်တိုင်း အဆင့် ၄ အဖြစ် ရောက်ရှိပြီး ဖလော်ရီဒါ အနောက်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်တယ်။ အမေရိကန်ပြည်ထောင်စုမှာ တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာ အင်အားအပြင်းဆုံး မုန်တိုင်းတစ်ခုဖြစ်တဲ့ ဟာရီကိန်း အီယန်ဟာ တစ်နာရီကို မိုင် ၁၅၀ အထိ တိုက်ခတ်ခဲ့တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို သိမ်းကျုံးဖျက်ဆီးပစ်ပြီး လျှပ်စစ်မီးတွေ ပြတ်တောက်သွားတယ်။ လမ်း၊ တံတားတွေ ပျက်စီးကုန်တယ်။ အကြီးအကျယ် ရေကြီးရေလျှံခဲ့တယ်။ ကုန်းမြေကို တဖြည်းဖြည်း ဖြတ်ကျော်ဝင်ရောက်ပြီး အတ္တလန္တိတ်သမုဒ္ဒရာမှာ ဆက်ရှိနေတယ်။ အဲဒီနောက် ကယ်ရိုလိုင်းနား တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်တယ်။

အင်အားပြင်းမုန်တိုင်းကြောင့် ဖလော်ရီဒါမှာရှိတဲ့ ကြေညာသူ ၁၂,၀၀၀ ကျော်ဟာ လုံခြုံတဲ့နေရာဆီ ရွှေ့ပြောင်းကြရတယ်။

မုန်တိုင်းဘေးဒဏ်သင့်သူတွေကို ကူညီပေးနေတဲ့ အကြီးအကဲတွေကို ထောက်မပေးဖို့ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနက ကိုယ်စားလှယ်တွေနဲ့ တိုက်နယ်ကြီးကြပ်မှူးတို့ ဝိုင်းဝန်းလုပ်ဆောင်ကြတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

ကျူးဘား

  • ဝမ်းနည်းစရာက ညီအစ်ကို ၁ ယောက် အသက်ဆုံးရှုံးသွားတယ်

  • ညီအစ်ကို ၂ ယောက် အနည်းငယ် ထိခိုက်ဒဏ်ရာရတယ်

  • အိမ်အလုံး ၃၀၀ အနည်းအကျဉ်း ပျက်စီးတယ်

  • အိမ် ၄၉၁ လုံး ဆိုးဆိုးရွားရွား ပျက်စီးတယ်

  • အိမ် ၆၃ လုံး လုံးဝ ပျက်စီးတယ်

  • ဝတ်ပြုရာနေရာ ၄၀ ဆိုးဆိုးရွားရွား ပျက်စီးတယ်

  • စည်းဝေးပွဲခန်းမ ၁ လုံး အနည်းအကျဉ်း ပျက်စီးတယ်

  • စည်းဝေးပွဲခန်းမ ၃ လုံး ဆိုးဆိုးရွားရွား ပျက်စီးတယ်

ဖလော်ရီဒါ

  • မုန်တိုင်းကြောင့် ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ အသက်ဆုံးရှုံးတာ မရှိပါ

  • ကြေညာသူ ၂ ယောက် အနည်းငယ် ထိခိုက်ဒဏ်ရာရတယ်

  • လောလောဆယ် ကြေညာသူ ၅,၈၇၄ ယောက် နေအိမ် မပြန်နိုင်သေးပါ

  • အိမ် ၁,၅၅၉ လုံး အနည်းအကျဉ်း ပျက်စီးတယ်

  • အိမ် ၃၆၇ လုံး ဆိုးဆိုးရွားရွား ပျက်စီးတယ်

  • အိမ် ၄၇ လုံး လုံးဝ ပျက်စီးတယ်

  • အိမ် ၃၂၉ လုံးကို ဘေးကင်းအောင်လုပ်ပေးတယ်

  • အိမ် ၇၁ လုံးကို ပြင်ဆင်ပေးတယ်

  • ယေဟောဝါသက်သေတွေ အသုံးပြုတဲ့ အဆောက်အအုံ ၃၈ လုံး အနည်းအကျဉ်း ပျက်စီးတယ်

  • နိုင်ငံတော်ခန်းမ ၁ လုံး ဆိုးဆိုးရွားရွား ပျက်စီးတယ်

  • စည်းဝေးပွဲခန်းမ ၁ လုံး ဆိုးဆိုးရွားရွား ပျက်စီးတယ်

ကယ်ရိုလိုင်းနား တောင်ပိုင်း

  • မုန်တိုင်းကြောင့် ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ အသက်သေဆုံးခြင်း မရှိပါ

  • ကြေညာသူ ၃၅ ယောက် နေအိမ် မပြန်နိုင်သေးပါ

  • အိမ် ၁၃ လုံး အနည်းအကျဉ်း ပျက်စီးတယ်

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေဟာ ဘေးသင့်မိသားစုတွေဆီ လည်ပတ်ပြီး ကျမ်းစာနဲ့အားပေးကြတယ်။ လိုအပ်တဲ့ အကူအညီတွေ ပေးကြတယ်။

  • ဖလော်ရီဒါမှာ ညီအစ်ကို၊ ညီအစ်မတွေ ထွက်ပြေးလာကြမယ့် လမ်းတစ်လျှောက် ယာယီကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွဲ့စည်းခဲ့တယ်။

  • ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ဖို့ ဖလော်ရီဒါနဲ့ ကျူးဘားမှာ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီတွေ ဖွဲ့စည်းခဲ့တယ်။

  • ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်နေပါတယ်။

ယုံကြည်သူချင်းတွေ ဘေးဒုက္ခရောက်နေချိန်အတွင်း အကူအညီပေးဖို့ ရောက်လာတဲ့ ညီအစ်ကို၊ ညီအစ်မတွေကြောင့် ဆာလံဆရာရဲ့ ဒီစကားတွေ မှန်ကန်ကြောင်း မြင်တွေ့နေရပါတယ်– “ယေဟောဝါကို ယုံကြည်ကိုးစားသူကိုတော့ ခိုင်မြဲတဲ့မေတ္တာတော် ဝိုင်းရံနေတယ်။”—ဆာလံ ၃၂:၁၀