မာတိကာဆီ ကျော်သွား

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၉ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ဟာရီကိန်း ဒယ်ဘီကြောင့် မြောက်အမေရိက အရှေ့ကမ်းရိုးတန်းဒေသ ရေကြီးရေလျှံ

ဟာရီကိန်း ဒယ်ဘီကြောင့် မြောက်အမေရိက အရှေ့ကမ်းရိုးတန်းဒေသ ရေကြီးရေလျှံ

၂၀၂၄ ခုနှစ်၊ သြဂုတ်လဆန်းမှာ အတ္တလန္တိတ်သမုဒ္ဒရာမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်ပြီး ဟာရီကိန်း ဒယ်ဘီအဖြစ် အားကောင်းလာခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၅ ရက်မှာ အမေရိကန်၊ ဖလော်ရီဒါပြည်နယ်၊ စတိုင်ဟာချီမြို့ကို တစ်နာရီ မိုင် ၈၀ နှုန်းနဲ့ ဝင်ရောက်တိုက်ခတ်တယ်။ ဟာရီကိန်း ဖြတ်သန်းသွားတဲ့ လမ်းတစ်လျှောက်မှာ လေဆင်နှာမောင်း ၁၂ ခုလောက် ဖြစ်ပေါ်ခဲ့တယ်။ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ သိန်းနဲ့ချီတဲ့သူတွေ လျှပ်စစ်မီး ပြတ်တောက်ကုန်တယ်။ အမေရိကန်မှာ လူ ၈ ယောက်ထက်မနည်း သေဆုံးသွားတယ်။

ဖလော်ရီဒါပြည်နယ်ကို ဖြတ်သွားပြီးနောက် မုန်တိုင်း အားပျော့သွားပြီး မြောက်ဘက်၊ ကနေဒါနိုင်ငံဆီ တဖြည်းဖြည်း ဦးတည်သွားတယ်။ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၉ ရက်၊ သောကြာနေ့၊ ကနေဒါ ကွီဘက်ပြည်နယ်မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၈ လက်မလောက် ရွာသွန်းခဲ့တယ်။ မိုးသည်းထန်၊ ရေကြီးရေလျှံလို့ အိမ်တွေ ရေမြှုပ်ပြီး လမ်းတွေ၊ အဆောက်အအုံတွေ ထိခိုက်ပျက်စီးသွားတယ်။ ရာနဲ့ချီတဲ့သူတွေလည်း နေအိမ်စွန့်ခွာပြီး ဘေးကင်းရာဆီ ရွှေ့ပြောင်းခဲ့ရတယ်။ ကနေဒါမှာ သေဆုံးသူ ၁ ယောက်ရှိတယ်လို့ သတင်းထုတ်ပြန်တယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

အမေရိကန်

  • ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်း မရှိ

  • ကြေညာသူ ၁ ယောက် ဆေးရုံတင်ရ

  • ကြေညာသူ ၂၃ ယောက် ဘေးလွတ်ရာ ရွှေ့ပြောင်း

  • အိမ် ၇ လုံး အကြီးအကျယ် ပျက်စီး

  • အိမ်အလုံး ၆၀ အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ ၁ လုံး အနည်းငယ် ပျက်စီး

ကနေဒါ

  • ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်း မရှိ။ ဝမ်းနည်းစရာက ကျမ်းစာသင်သားတစ်ယောက် မြေပြိုမှုကြောင့် အသက်ဆုံးရှုံးသွား

  • ကြေညာသူ ၁ ယောက် ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၂၃ ယောက် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ၊ အများစု နေအိမ်ဆီ ပြန်ရောက်နေပါပြီ

  • အိမ် ၂ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၁၆၅ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ တစ်လုံးမှ ထိခိုက်ပျက်စီးခြင်း မရှိ

ကယ်ဆယ်ရေးလုပ်ငန်း

  • အမေရိကန်နဲ့ ကနေဒါနိုင်ငံက တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေက ဘေးသင့်သူတွေကို ကျမ်းစာနဲ့ အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေကြ

  • ကနေဒါနိုင်ငံမှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတစ်ခု ဖွဲ့စည်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေ

“ဒုက္ခရောက်ချိန်မှာ ကယ်တင်ခြင်းကျေးဇူး ပေးသနား” ဖို့ ယေဟောဝါ ဘယ်တော့မှ ပျက်ကွက်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိထားတဲ့အတွက် ဘေးသင့်သူတွေအတွက် ဆက်ဆုတောင်းပေးနေပါတယ်။—ဟေရှာယ ၃၃:၂