မာတိကာဆီ ကျော်သွား

ဒီမီထရီ ဒိုနစ်ရှ်ကို့ဗ်ဟာ ခရစ်ယာန်လုပ်ဆောင်မှုတွေမှာ ပါဝင်မှုနဲ့ ရုရှားဥပဒေအရ ထောင်ချခံရတဲ့ အယောက် ၁၀၀ မြောက် ယေဟောဝါသက်သေဖြစ်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

အခုလောလောဆယ် ရုရှားနဲ့ ခရိုင်းမီးယားမှာ ထောင်ကျနေတဲ့ ယေဟောဝါသက်သေ အရေအတွက် ၁၀၀ ကျော်သွားပြီ

အခုလောလောဆယ် ရုရှားနဲ့ ခရိုင်းမီးယားမှာ ထောင်ကျနေတဲ့ ယေဟောဝါသက်သေ အရေအတွက် ၁၀၀ ကျော်သွားပြီ

ရုရှားနဲ့ ခရိုင်မီးယားမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်အထိဆိုရင် ယုံကြည်ချက်အတိုင်း လိုက်လျှောက်လို့ အကျဉ်းထောင်၊ အချုပ်ထောင်ထဲ ရောက်နေတဲ့ ညီအစ်ကို ၁၀၆ ယောက်၊ ညီအစ်မ ၄ ယောက် ရှိသွားပါပြီ။ အသက် ၄၄ နှစ်အရွယ် ညီအစ်ကို ဒီမီထရီ ဒိုနစ်ရှ်ကို့ဗ်ဟာ အခုလောလောဆယ် ထောင်ကျနေသူတွေထဲမှာ အယောက် ၁၀၀ မြောက် ယေဟောဝါသက်သေတစ်ဦး ဖြစ်တယ်။ ၂၀၂၂၊ စက်တင်ဘာ ၈ ရက်မှာ ဒီမီထရီ အဖမ်းခံရတယ်။ ခရစ်ယာန်အစည်းအဝေးတွေ တက်ရောက်တာ၊ တခြားသူတွေကို ယုံကြည်ချက် ဝေမျှတာက အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်တာဖြစ်တယ်ဆိုပြီး စွပ်စွဲခံရတယ်။ ပိတ်ပင်ခံရတဲ့ ၂၀၁၇ ခုနှစ်ကစလို့ ထောင်ချခံရတဲ့ ယေဟောဝါသက်သေ ၃၅၀ နီးပါး ရှိနေပါပြီ။

ရဲတွေက ချီယာဘင့်စ်ဒေသမှာရှိတဲ့ ဒီမီထရီရဲ့တိုက်ခန်းကို ဝင်ရောက်စီးနင်းပြီး သူ့ကို ဖမ်းဆီးတယ်။ နှစ်ရက်ကြာပြီးနောက် အိမ်နဲ့ ၉၃၂ မိုင်လောက်ဝေးတဲ့ နိုဗိုဆာဘီရိခ်ဒေသက အချုပ်ထောင်ဆီ ပို့လိုက်တယ်။

ဒီမီထရီဟာ အကျဉ်းခန်းတစ်ခုမှာ တခြားသူ ၁၂ ယောက်နဲ့ နေရတယ်။ ဇနီးဖြစ်သူ မာရီးနာက သူ့ဆီ လည်ပတ်ခွင့် မရပေမဲ့ စာနဲ့ အပြန်အလှန် ဆက်သွယ်နိုင်တယ်။

မာရီးနာ ဒီလို ပြောတယ်– “သူစပြီး အဖမ်းခံရတုန်းက ကျွန်မ ညဘက်ဆို အိပ်မပျော်ဘူး၊ ခဏခဏနိုးတယ်။ အသင်းတော်က မိတ်ဆွေတွေက သူတို့နဲ့အတူ နေဖို့ ဖိတ်ခေါ်တယ်။ အဲဒါက ကျွန်မ တကယ်လိုအပ်နေတဲ့ ကူညီထောက်မမှုပါပဲ။”

ဒီမီထရီလည်း အပြုသဘောထားရှိပြီး တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ “ယေဟောဝါဘုရား သူ့ကို ဂရုစိုက်ပေးနေတယ်”လို့ မာရီးနာ ပြောပြတယ်။

မာရီးနာနဲ့ ဒီမီထရီ ဒိုနစ်ရှ်ကို့ဗ်

ရုရှားဖယ်ဒရယ်အစိုးရ ရာဇသတ်ကြီးအရ ညီအစ်ကို/မတွေဟာ အစွန်းရောက်လုပ်ငန်းတွေ လုပ်ဆောင်မှုနဲ့ တရားစွဲဆို ခံနေရတယ်။ အဲဒီအထဲမှာ အသက် ၅၇ နှစ်အရွယ် အန်နာ စာဖရိုနိုဗာလည်း ပါတယ်။ အန်နာဟာ အခုလောလောဆယ် ထောင်ဒဏ် ခြောက်နှစ်နဲ့ ထောင်ကျနေတယ်။ အဲဒါက ညီအစ်မတစ်ယောက်ကို ချမှတ်တဲ့ အကြာရှည်ဆုံး ထောင်ဒဏ် ဖြစ်တယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေ အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချနေတဲ့ကြား ယေဟောဝါသက်သေတွေကို ရုရှားအစိုးရ အရှက်မရှိ ညှဉ်းပန်းနှိပ်စက်လာတာ ငါးနှစ်ကျော် နေပါပြီ။ ဒီမီထရီကို ဖမ်းဆီးတာက သက်သေသာဓကတစ်ခုပါပဲ။ ၂၀၁၇ တုန်းက ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး ရုရှားတရားရုံးချုပ် ဆုံးဖြတ်ချက်ချချိန်မှာ ရုရှား အာဏာပိုင်တွေက ယေဟောဝါသက်သေတွေရဲ့ တရားဝင်အသင်းအဖွဲ့တွေကို ပိတ်ပင်ခြင်းသာဖြစ်ကြောင်း၊ ဝတ်ပြုရေးလုပ်ငန်းဆောင်တာတွေကို ပိတ်ပင်ခြင်း မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့တယ်။ ဒါပေမဲ့ ပြောသလို မလုပ်ခဲ့ပါဘူး။ ဒီနေ့အထိဆိုရင် ယေဟောဝါသက်သေ အယောက် ၇၀၀ နီးပါးကို ပြစ်မှု ၃၀၈ ခုနဲ့ တရားစွဲဆိုခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ အိမ် ၁,၈၅၁ လုံးကိုလည်း ဝင်ရောက်စီးနင်းခဲ့တယ်။

ယုံကြည်ချက်ကြောင့် ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ညီအစ်ကို/မအားလုံးနဲ့ ဒီမီထရီအတွက် ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ သူတို့ ဆက်ခံရပ်နိုင်ဖို့ လိုအပ်တဲ့ခွန်အားကို ယေဟောဝါဘုရား ပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။​—⁠မဿဲ ၂၄:⁠၁၃