မာတိကာဆီ ကျော်သွား

ဂျာမနီ ကယ်ဆယ်ရေးလုပ်ငန်း (ဘယ်ဘက်ထိပ်)၊ ဘယ်လ်ဂျီယံ ရေဘေး (ညာလက်ထိပ်)၊ နယ်သာလန် အပျက်အစီး (အောက်)

ဇူလိုင် ၂၇၊ ၂၀၂၁
ကမ္ဘာတစ်ဝန်းက သတင်းများ

အနောက် ဥရောပမှာ ရေကြီးရေလျှံမှုကြောင့် အပျက်အစီး များပြား

အနောက် ဥရောပမှာ ရေကြီးရေလျှံမှုကြောင့် အပျက်အစီး များပြား

၂၀၂၁၊ ဇူလိုင် ၁၃ မှ ၁၇ အထိ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ လူဇင်ဘတ်၊ နယ်သာလန်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံတဲ့အတွက် သေကျေပျက်စီးမှုတွေ များခဲ့တယ်။ အပျက်အစီး ပမာဏကို မသိရသေးပါဘူး။ ဒီနိုင်ငံတွေမှာ အခု ကြုံရတဲ့ ရေကြီးရေလျှံမှုဟာ အနှစ်တစ်ရာအတွင်း အဆိုးရွားဆုံး စံချိန်တင်ခဲ့တယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • အကြီးအကျယ် ဒဏ်ရာရသူ၊ သေဆုံးသူ မရှိပါဘူး

  • ကြေညာသူ ၃၀၄ ယောက်ထက်မနည်း ဘေးလွတ်ရာ ပြောင်းရွှေ့ရတယ်

  • အိမ် ၁၀၀ ခန့် အကြီးအကျယ် ပျက်စီးတယ်

  • အိမ် ၂၄၂ လုံးထက်မနည်း အနည်းငယ် ပျက်စီးတယ်

  • ဝတ်ပြုရာခန်းမ ၁၁ လုံး ပျက်စီးတယ်

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) ၄ ခု ဖွဲ့စည်းခဲ့တယ်။ ဘယ်လ်ဂျီယံမှာ ၁ ခု၊ ဂျာမနီနဲ့ လူဇင်ဘတ်မှာ ၂ ခု၊ နယ်သာလန်မှာ ၁ ခုပါ

  • လောလောဆယ် DRC က အိမ်တွေ ရှင်းတာ၊ ရွှံ့တွေ ရှင်းထုတ်တာ၊ တခြား အရေးပေါ် ပြုပြင်ရေးတွေ အပါအဝင် ရှင်းလင်းရေး၊ ပြုပြင်ရေးအတွက် စီစဉ်လုပ်ဆောင်နေပါတယ်

  • DRC နဲ့ ဒေသခံ အကြီးအကဲတွေက ဘေးကင်းရာဆီ ပြောင်းရွှေ့လာသူတွေအတွက် ယာယီနေထိုင်စရာတွေ၊ သောက်ရေတွေ စီစဉ်ပေးနေတယ်

  • အဲဒီဒေသမှာ ရှိတဲ့ တိုက်နယ်ကြီးကြပ်မှူးတွေက ရေဘေးသင့် ညီအစ်ကို/မတွေကို ကျမ်းစာနဲ့ အားပေးနှစ်သိမ့်ကြတယ်

  • ဗီဒီယို ချိတ်ဆက်မှု အစည်းအဝေးတွေကတော့ ရပ်တန့်မသွားဘူး။ ဌာနခွဲ ကော်မတီဝင်တွေက ဘေးသင့် ကြေညာသူတွေကို နှစ်သိမ့်အားပေးနေတယ်

  • ကိုဗစ်-၁၉ စည်းကမ်းချက်တွေကိုလည်း ဂရုတစိုက် လိုက်နာရင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေကြတယ်

နယ်သာလန်မှာ အသင်းတော်တစ်ခုရဲ့ အကြီးအကဲတွေက သက်ကြီး ညီအစ်မတစ်ယောက် ဘေးကင်းရာဆီ ပြောင်းရွှေ့ရာမှာ ကူညီပေးတယ်။ နောက်ပိုင်း ညီအစ်ကိုတွေက သက်သေခံ မဟုတ်တဲ့ သူ့သားကို ဆက်သွယ်ပြီး မိခင်ဖြစ်သူ ဘေးကင်းအဆင်ပြေကြောင်း ပြောပြတယ်။ နောက်ပိုင်းမှာ သားဖြစ်သူက “အမေ့ဘာသာက ကောင်းလိုက်တာဗျာ။ အမေ့ကို သိပ်ဂရုစိုက်တာပဲ” လို့ ပြောတယ်။

ဘယ်လ်ဂျီယံက မီးသတ်အဖွဲ့က ညီအစ်ကိုတွေ ကယ်ဆယ်ရေး လုပ်တဲ့အခါ အကာအကွယ်ပစ္စည်းတွေ အပြည့်အစုံ သုံးကြတာ၊ ကောင်းကောင်း စီစဉ်ကြတာကို ချီးမွမ်းတယ်။ ဂျာမနီမှာလည်း ညီအစ်ကိုတွေက မီးသတ်အဖွဲ့ရဲ့ ညွှန်ကြားချက်ကို တလိုတလား လိုက်နာတဲ့အတွက် မီးသတ်သမားတွေ လေးစားသွားကြတယ်။ တစ်ယောက်က “နေရာတိုင်းမှာ ဒီလိုအဖွဲ့မျိုး ရှိစေချင်လိုက်တာ” လို့ ပြောတယ်။

ရေဘေးသင့် ညီအစ်ကို/မတွေဟာ အဖွဲ့အစည်းရဲ့ ကူညီပေးမှုတွေအတွက် ကျေးဇူးတင်ကြတယ်။ သဘာဝဘေးအတွက် ကြိုပြင်ဆင်ထားဖို့ အားပေးတဲ့ အုပ်ချုပ်ရေးအဖွဲ့ကိုလည်း သိပ်ကျေးဇူးတင်ကြတယ်။ အထူးသဖြင့် ‘ဘေးကင်းလုံခြုံစွာ နေရဖို့၊ ဘေးဆိုးကို မကြောက်ဘဲ အေးချမ်းစွာ နေရဖို့’ ကူညီပေးတဲ့ ယေဟောဝါကို အလွန် ကျေးဇူးတင်နေကြတယ်။—ပညာအလိမ္မာ ၁:၃၃