မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

အသံနဲ့ ညွှန်ကြားပြီး ဖွင့်နိုင်တဲ့ JW.OR ထဲက နောက်ထပ်အကြောင်းအရာများ

အသံနဲ့ ညွှန်ကြားပြီး ဖွင့်နိုင်တဲ့ JW.OR ထဲက နောက်ထပ်အကြောင်းအရာများ

၂၀၁၉ ခုနှစ်ကစပြီး Amazon Alexa နဲ့ Google Assistant အသုံးပြုနိုင်တဲ့ ကိရိယာတွေမှာ jw.org ထဲက အကြောင်းအရာတချို့ကို အသံနဲ့ ညွှန်ကြားပြီး ဖွင့်နိုင်ခဲ့တယ်။ အခု၊ အစည်းအဝေးတွေနဲ့ အမှုဆောင်လုပ်ငန်းသုံး နောက်ထပ် အကြောင်းအရာတွေကိုလည်း အသံနဲ့ ညွှန်ကြားနိုင်ပါပြီ။ စိတ်မကောင်းစရာကတော့ Google Assistant နဲ့ စကားပြောတဲ့ စနစ်ကို ၂၀၂၃၊ ဇွန်လမှာ Google က ရပ်လိုက်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီအချိန်မတိုင်ခင်အထိတော့ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ jw.org မှာပါတဲ့ အကြောင်းအရာတွေကို ဖွင့်ပေးဖို့ Amazon Alexa ကိုတော့ ဆက်အသုံးပြုနိုင်ပါတယ်။

အခု၊ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အစည်းအဝေး အစီအစဉ်ဇယားနဲ့ ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ စာစောင်ထဲက သင်ခန်းစာတွေကို ဖတ်ပေးဖို့ ညွှန်ကြားနိုင်ပါပြီ။ ကျမ်းစာသင်အံမှုအတွက် ပြင်ဆင်တဲ့အခါ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ထဲက သင်ခန်းစာကို ဖတ်ပေးဖို့လည်း ညွှန်ကြားနိုင်ပြီ။

ဒီအပြင် ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’ စာအုပ်ထဲက အစည်းအဝေးမှာ သီဆိုမယ့် သီချင်းတွေကို တေးသံစုံအနေနဲ့ရော၊ တူရိယာသံအနေနဲ့ပါ ဖွင့်ပေးဖို့ ညွှန်ကြားနိုင်ပြီ။ အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်း နောက်ဆုံးထုတ်ကို ဖွင့်ပေးဖို့လည်း ညွှန်ကြားနိုင်တယ်။

jw.org မှာပါတဲ့ အကြောင်းအရာကို ဖွင့်ပေးဖို့ အသံနဲ့ ညွှန်ကြားနိုင်ပုံ ထပ်ဆင့်အချက်အလက်တွေကို အင်္ဂလိပ်ဘာသာစကားနဲ့ “Use the JW.ORG Skill for Amazon Alexa” ဒါမှမဟုတ် “Use the JW.ORG Action for Google Assistant” ဆောင်းပါးကို ကြည့်ပါ။

အသံနဲ့ ညွှန်ကြားလို့မရတဲ့ ဖုန်း/တက်ဘလက်တွေ၊ ကွန်ပျူတာတွေမှာ Alexa app ကို ကူးယူပြီး အသုံးပြုနိုင်ပါတယ်။

ဒီအသွင်အပြင်အသစ်တွေက မျက်မမြင်တွေ၊ အမြင်အာရုံ အားနည်းသူတွေကို အထူး အထောက်အကူပြုပါလိမ့်မယ်။ သင့်မှာ အမြင်အာရုံအားနည်းတဲ့ မိတ်ဆွေ ရှိမယ်ဆိုရင် သူ့ရဲ့ ဖုန်း/တက်ဘလက်ထဲ အသံနဲ့ ညွှန်ကြားနိုင်တဲ့ app ကို ထည့်ပေးပြီး အသုံးပြုပုံကို သင်ပေးနိုင်ပါတယ်။