မာတိကာဆီ ကျော်သွား

အပူပိုင်းမုန်တိုင်း အန်နာကြောင့် မာလာဝီနဲ့ မိုဇမ်ဘစ်အပါအဝင် နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှု၊ အိုးအိမ်ပျက်စီးမှု၊ လူသေမှုတွေ ဖြစ်ပေါ်ခဲ့တယ်

ဖေဖော်ဝါရီ ၉၊ ၂၀၂၂
ကမ္ဘာတစ်ဝန်းက သတင်းများ

အာဖရိကတောင်ပိုင်းမှာ အပူပိုင်းမုန်တိုင်း အန်နာ တိုက်ခတ်မှုကြောင့် အပျက်အစီးများပြား

အာဖရိကတောင်ပိုင်းမှာ အပူပိုင်းမုန်တိုင်း အန်နာ တိုက်ခတ်မှုကြောင့် အပျက်အစီးများပြား

၂၀၂၂၊ ဇန်နဝါရီ ၂၄ မှ ၂၅ အထိ မာလာဝီနဲ့ မိုဇမ်ဘစ်မှာ အပူပိုင်းမုန်တိုင်း အန်နာကြောင့် ရေကြီးရေလျှံမှု၊ လေပြင်းတိုက်ခတ်မှုတို့ ဖြစ်ပွားပြီး အပျက်အစီး များပြားခဲ့တယ်။ လူသေဆုံးမှု၊ လမ်းပိတ်ဆို့မှု၊ အိုးအိမ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ လူများစွာ နေရပ်ရွှေ့ပြောင်းခဲ့ရတယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

မာလာဝီ

  • ညီအစ်ကိုတစ်ယောက်ရဲ့ သက်သေခံ မဟုတ်တဲ့ ဇနီး၊ ၃ နှစ်နဲ့ ၅ နှစ်အရွယ်စီ ရှိကြတဲ့ ကလေးနှစ်ယောက် အသက်ကယ်လှေ တိမ်းမှောက်ပြီး သေဆုံးခဲ့ရတယ်

  • ညီအစ်မ ၁ ဦး၊ သက်သေခံမောင်နှံရဲ့ အသက် ၇ နှစ်အရွယ် သမီး ထိခိုက်ဒဏ်ရာ ရသွားတယ်

  • ကြေညာသူ ၁,၀၀၀ ကျော် ဘေးကင်းရာဆီ ရွှေ့ပြောင်းရတယ်

  • ဝတ်ပြုရာခန်းမ ၂ လုံး အနည်းငယ် ပျက်စီးတယ်

  • အိမ်ခြေ ၁၀၀ လောက် အကြီးအကျယ် ပျက်စီးတယ်

  • အိမ်ခြေ ၁၀၀ ထက်မနည်း လုံးဝ ပျက်စီးတယ်

မိုဇမ်ဘစ်

  • ညီအစ်ကို/မတစ်ယောက်မှ မသေဆုံးပါဘူး

  • ညီအစ်ကို ၂ ယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်

  • ကြေညာသူ ၃၈၁ ယောက် ဘေးကင်းရာဆီ ရွှေ့ပြောင်းရတယ်

  • ဝတ်ပြုရာခန်းမ ၃ လုံး အနည်းငယ် ပျက်စီးတယ်

  • ဝတ်ပြုရာခန်းမ ၃ လုံး အကြီးအကျယ် ပျက်စီးတယ်

  • ဝတ်ပြုရာခန်းမ ၃ လုံး ပျက်စီးတယ်

  • အိမ်ခြေ ၅၁ လုံး အနည်းငယ် ပျက်စီးတယ်

  • အိမ်ခြေ ၉၆ လုံး အကြီးအကျယ် ပျက်စီးတယ်

  • အိမ်ခြေ ၇၉ လုံး ပျက်စီးတယ်

ကယ်ဆယ်ရေး လုပ်ဆောင်မှုများ

  • နှစ်နိုင်ငံလုံးမှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRCs) ဖွဲ့စည်းတယ်

  • DRC က အစားအစာ၊ သောက်ရေသန့်နဲ့ တခြားလိုအပ်ရာတွေ ထောက်ပံ့ပေးတယ်

  • ကိုဗစ် ၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်

အခုလို ဒုက္ခရောက်ချိန်မှာ ညီအစ်ကို/မတွေကို ခွန်အားရှိအောင် ယေဟောဝါ ဘုရား ကူညီမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—ဆာလံ ၄၆:၁