မာတိကာဆီ ကျော်သွား

အီဒိုင်းမုန်တိုင်းကြောင့် မိုဇမ်ဘစ်နိုင်ငံ၊ ဘေရာမြို့ပြင် အပျက်အစီးမြင်ကွင်းကို တွေ့ရစဉ်

မတ် ၂၇၊ ၂၀၁၉
ကမ္ဘာတစ်ဝန်းက သတင်းများ

အီဒိုင်းမုန်တိုင်း အာဖရိက အရှေ့တောင်ပိုင်းကို တိုက်ခတ်

အီဒိုင်းမုန်တိုင်း အာဖရိက အရှေ့တောင်ပိုင်းကို တိုက်ခတ်

၂၀၁၉၊ မတ် ၁၄၊ ကြာသပတေးနေ့မှာ အီဒိုင်းမုန်တိုင်း မိုဇမ်ဘစ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ပြီး မာလာဝီနဲ့ ဇင်ဘာဘွေနိုင်ငံတွေဘက် ဆက်တိုက်ခတ်သွားတယ်။ ကမ္ဘာ့တောင်ပိုင်း တိုက်ခတ်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမုန်တိုင်းတစ်ခုအဖြစ် သတ်မှတ်ကြတယ်။ လမ်းတွေ၊ အဆောက်အအုံတွေ ပျက်စီးသွားပြီး လူပေါင်း ၂.၆ သန်းကျော် မုန်တိုင်းဘေးသင့်ကာ လူ ၂၀၀ ကျော် သေဆုံးခဲ့တယ်။ ဝမ်းနည်းစရာက သေဆုံးသွားသူတွေထဲမှာ မိုဇမ်ဘစ်နိုင်ငံက ညီအစ်မ နှစ်ယောက်၊ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူ ကလေးနှစ်ယောက် ပါတယ်။ ဇင်ဘာဘွေနိုင်ငံက အသက် ၁၄ နှစ်အရွယ် ညီအစ်ကိုတစ်ဦး မြေပြိုပြီး နေအိမ်ပါသွားချိန်မှာ သေဆုံးသွားပါတယ်။

အီဒိုင်းမုန်တိုင်းကြောင့် အတော်ပျက်စီးသွားတဲ့ မိုဇမ်ဘစ်နိုင်ငံက အင်ဟာမီဇာ ဝတ်ပြုရာခန်းမ

ညီအစ်ကို/မတွေရဲ့ အိမ် အတော်များများနဲ့ ဝတ်ပြုရာခန်းမတွေ ထိခိုက်ပျက်စီးကြောင်း မိုဇမ်ဘစ်ဌာနခွဲရုံးကနေ သတင်းရရှိပါတယ်။ ညီအစ်ကို/မတွေရဲ့ အိမ် ၁၅ လုံး၊ ဝတ်ပြုရာခန်းမ ၂ လုံး ထိခိုက်ပျက်စီးကြောင်း ဇင်ဘာဘွေဌာနခွဲရုံးကနေ သတင်းပေးပို့တယ်။ ညီအစ်ကို/မ ၇၆၄ ယောက်ရဲ့ အိမ်တွေ လုံးလုံးပျက်စီးကြောင်း၊ အိမ် ၂၀၁ လုံးက ထိခိုက်ပျက်စီးမှုရှိကြောင်း မာလာဝီဌာနခွဲရုံးကနေ သတင်းရတယ်။ ဝတ်ပြုရာခန်းမနှစ်လုံးလည်း ထိခိုက်ပျက်စီးမှု ရှိတယ်။ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ခြောက်ခု၊ မိုဇမ်ဘစ်မှာ နှစ်ခု၊ မာလာဝီမှာ လေးခုက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။

ညီအစ်ကို နှစ်ယောက်ရဲ့ အိမ်နံရံ ပြိုကျသွားမှုကြောင့် အမိုးကို သစ်ကိုင်းကြီးတွေနဲ့ ထောက်မထားစဉ်။

သဘာဝဘေးဒဏ် ခံစားနေရတဲ့ ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ စိတ်မကောင်းဘူး။ မုန်တိုင်းဘေးသင့် ညီအစ်ကို/မအားလုံး ယေဟောဝါ ငြိမ်သက်ခြင်း ကြွယ်ဝစွာ ပေးသနားမှာကို ဆက်ယုံကြည်ကိုးစားကြဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—ရောမ ၁၅:၁၃