မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၂၄၊ ၂၀၁၈
ကမ္ဘာတစ်ဝန်းက သတင်းများ

အုပ်ချုပ်ရေးအဖွဲ့မှာ ကဲနက်ကွတ် ခန့်အပ်ခံရ

အုပ်ချုပ်ရေးအဖွဲ့မှာ ကဲနက်ကွတ် ခန့်အပ်ခံရ

ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ ကဲနက်ကွတ်ကို ခန့်အပ်ကြောင်း ၂၀၁၈၊ ဇန်နဝါရီ ၂၄ ရက်နေ့က အမေရိကန်နဲ့ ကနေဒါ ဗေသလမိသားစုမှာ ကြေညာခဲ့ပါတယ်။ ညီအစ်ကို ကွတ်ဟာ အုပ်ချုပ်ရေးအဖွဲ့မှာ ခန့်အပ်မခံရခင်တုန်းက စာပေပြုစုရေးကော်မတီအကူ ဖြစ်ခဲ့ပါတယ်။

ညီအစ်ကိုကွတ်ဟာ ၁၉၈၂၊ စက်တင်ဘာ ၁ မှာ ရှေ့ဆောင်စလုပ်တယ်။ အမေရိကန်ဌာနခွဲမှာ ၁၉၈၄၊ အောက်တိုဘာ ၁၂ ကနေ စတင်အမှုဆောင်ပါတယ်။ အခု အုပ်ချုပ်ရေးအဖွဲ့မှာ ဘိသိက်ခံ ညီအစ်ကို ရှစ်ဦး ရှိနေပါပြီ။

ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေများရဲ့ လုပ်ငန်းတွေကို ကြီးကြပ်ပေးနေတဲ့ အုပ်ချုပ်ရေးအဖွဲ့အပေါ် ယေဟောဝါဘုရား ကောင်းချီးပေးပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးကြပါတယ်။—၁ သက်သာလောနိတ် ၅:၁၂၊ ၁၃

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000