မာတိကာဆီ ကျော်သွား

မတ် ၆၊ ၂၀၁၈
ကမ္ဘာတစ်ဝန်းက သတင်းများ

ခရစ်တော်ရဲ့​သေခြင်း အောက်မေ့ရာပွဲကို ဖိတ်ခေါ်​တဲ့ ကင်ပိန်း​မှာ ယေဟောဝါသက်သေတွေ တစ်တပ်​တစ်​အား ပါဝင်​ကြ

ခရစ်တော်ရဲ့​သေခြင်း အောက်မေ့ရာပွဲကို ဖိတ်ခေါ်​တဲ့ ကင်ပိန်း​မှာ ယေဟောဝါသက်သေတွေ တစ်တပ်​တစ်​အား ပါဝင်​ကြ

၂၀၁၈၊ မတ်လ ၃ ရက်​နေ့​က​စပြီး ယေဟောဝါ​သက်သေတွေဟာ ခရစ်တော်ရဲ့​သေခြင်း အောက်မေ့ရာပွဲ​လို့​လည်း​ခေါ်တဲ့ သခင့်​ညစာ​စားပွဲ ဖိတ်စာ​ကို ကမ္ဘာတစ်ခုလုံး​မှာ ဝေငှ​နေကြပါ​ပြီ။ နိုင်ငံနဲ့ နယ်မြေ​ပေါင်း ၂၄၀ မှာ​ရှိတဲ့ ယေဟောဝါ​သက်သေတွေဟာ နှစ်​တစ်နှစ်​ရဲ့ အရေး​အကြီးဆုံး အခါသမယ​အဖြစ် သတ်မှတ်​ထားတဲ့ အောက်မေ့ရာပွဲကို ကျင်းပ​ဖို့ မတ် ၃၁ ရက်​နေ့မှာ အတူ​စုဝေး​ကြပါမယ်။ မတ်လ ၁၉ ရက် အပတ်​အတွင်း တင်ဆက်မယ့် “ယေရှုခရစ်ဟာ ဘယ်သူ​လဲ” ခေါင်းစဉ်​ရှိတဲ့ အထူး​ဟောပြောချက်ကို တက်ရောက်​ဖို့​လည်း ဖိတ်စာ​မှာ ဖိတ်ခေါ်​ထားပါ​တယ်။

ယေဟောဝါသက်သေများရဲ့ ပြောရေးဆိုခွင့်​ရှိသူ ဒေးဗစ် အေ. ဆီ​မို​နီ​ယန် ဒီလို​ပြောတယ်– “၂၀၁၇ ခုနှစ်​တုန်း​က အောက်မေ့ရာပွဲကို သန်း ၂၀ ကျော် တက်ရောက်​ခဲ့​ကြတယ်။ တက်ရောက်သူ ၁၂ သန်း​ခန့်​က ယေဟောဝါ​သက်သေ မဟုတ်​ကြဘူး။ ဒါကြောင့် အောက်မေ့ရာပွဲ​ဟာ ယေဟောဝါသက်သေတွေ​အတွက်ပဲ မဟုတ်ဘူး၊ ကမ္ဘာ​တစ်ဝန်း​က သန်းနဲ့ချီတဲ့ ဧည့်သည်တွေ​အတွက်လည်း အရေးကြီးတဲ့ နှစ်ပတ်လည်ပွဲ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်​က အိမ်နီးချင်း​အားလုံးကို အောက်မေ့ရာပွဲ ဖိတ်စာ​ပေးဖို့ပါ​ပဲ။ သူတို့ အဆင်ပြေမယ့်​နေရာမှာ တက်ရောက်​နိုင်ပါတယ်။”

Media Contact:

International: David A. Semonian, Office of Public Information, +1-84​5-5​2​4-3​0​0​0