မာတိကာဆီ ကျော်သွား

ပြင်သစ်နိုင်ငံ၊ စထရာဘာ့ဂ်မြို့က လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ဥရောပတရားရုံးက လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့်နဲ့ပတ်သက်ပြီး ရုရှားနဲ့ လစ်သူယေးနီးယားအပေါ် ချမှတ်ခဲ့တဲ့စီရင်ချက်တွေကို အပြီးသတ်အတည်ပြု

ဥရောပတရားရုံးက လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့်နဲ့ပတ်သက်ပြီး ရုရှားနဲ့ လစ်သူယေးနီးယားအပေါ် ချမှတ်ခဲ့တဲ့စီရင်ချက်တွေကို အပြီးသတ်အတည်ပြု

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) က ယေဟောဝါသက်သေတွေနဲ့သက်ဆိုင်တဲ့ သမိုင်းဝင်စီရင်ချက်နှစ်ခုကို အပြီးသတ်အတည်ပြုခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာ ယေဟောဝါသက်သေတွေကို ရုရှားအစိုးရ ပိတ်ပင်မှုဟာ ဥပဒေနဲ့မညီကြောင်း ဥရောပတရားရုံးက ၂၀၂၂ ခုနှစ်၊ ဇွန် ၇ ရက်မှာ ကြေညာခဲ့တယ်။ ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ ညီအစ်ကို စတန်နစ်လေ့ တီလီယက်နီကို့ဗ်အမှုနဲ့ပတ်သက်ပြီး လစ်သူယေးနီးယားနိုင်ငံဟာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်း ဖောက်ဖျက်ခဲ့တယ်လို့ အဲဒီနေ့မှာပဲ ဥရောပတရားရုံးက စီရင်ချက်ချခဲ့တယ်။

ဇွန်လ ၇ ရက်နေ့မှာ ချမှတ်ခဲ့တဲ့ စီရင်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ ရုရှားနိုင်ငံကော၊ လစ်သူယေးနီးယားနိုင်ငံပါ ဥရောပတရားရုံးရဲ့ အထူးခုံရုံးမှာ အယူခံ မတင်သွင်းခဲ့ဘူး။ ဒါကြောင့် နှစ်နိုင်ငံစလုံးဟာ အမှုသည်တွေကို ဒဏ်ငွေပေးဆောင်ခြင်းအပါအဝင် ဥရောပတရားရုံးရဲ့စီရင်ချက်မှာပါရှိတဲ့ အချက်အားလုံးကို လိုက်နာရမှာဖြစ်တယ်။

၂၀၂၂ ခုနှစ်၊ ဇွန် ၁၁ ရက်မှာ ရုရှားနိုင်ငံဟာ ဥရောပတရားရုံးကနေ တစ်ဖက်သတ်နှုတ်ထွက်ပြီး လိုက်နာရမယ့်တာဝန်တွေကနေ ရှောင်ပြေးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဥရောပတရားရုံးဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့မတိုင်ခင်အထိ လူ့အခွင့်အရေးဆိုင်ရာ ဥရောပပဋိညာဉ်စာတမ်း ချိုးဖောက်မှုနဲ့ပတ်သက်ပြီး ရုရှားအပေါ် စွဲချက်တင်ထားတဲ့ လျှောက်လွှာတွေကို ကိုင်တွယ်နိုင်ခွင့် ရှိပါသေးတယ်။

ဥရောပတရားရုံး အပြီးသတ်အတည်ပြုထားတဲ့ အဲဒီဆုံးဖြတ်ချက်တွေအတိုင်း လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့်ရရှိဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။ ဒါမှ ငြိမ်သက်ခြင်းလိုလားတဲ့ ခရစ်ယာန်တွေဟာ “ငြိမ်သက်အေးချမ်းတဲ့ ဘဝမျိုးနဲ့နေနိုင်ပြီး ဘုရားတရားကိုင်းရှိုင်းမှု . . . အပြည့် ရှိနိုင်ကြမှာပါ။”—၁တိ ၂:၁၊ ၂