မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၁၃၊ ၂၀၁၉
ကမ္ဘာတစ်ဝန်းက သတင်းများ

၂၀၁၉ လုပ်ငန်းတော်နှစ် မှတ်တမ်းပါ နှစ်ခြင်းခံသူ အရေအတွက်က အနှစ် ၂၀ အတွင်း အများဆုံးဖြစ်

၂၀၁၉ လုပ်ငန်းတော်နှစ် မှတ်တမ်းပါ နှစ်ခြင်းခံသူ အရေအတွက်က အနှစ် ၂၀ အတွင်း အများဆုံးဖြစ်

၂၀၁၉ လုပ်ငန်းတော်နှစ်အတွင်း ယေဟောဝါသက်သေတွေအဖြစ် လူသစ် ၃၀၀,၀၀၀ ကျော် နှစ်ခြင်းခံကြကြောင်း ဝမ်းမြောက်စွာ ကြေညာလိုက်ပါတယ်။ ၁၉၉၉ ခုနှစ်နောက်ပိုင်း နှစ်ခြင်းခံသူဦးရေ ၃၀၀,၀၀၀ ကျော်ရှိတဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ စိတ်နှလုံးအကြွင်းမဲ့ ပါဝင်လုပ်ဆောင်မှုကို ကောင်းချီးပေးတဲ့အတွက် ယေဟောဝါဘုရားကို ဂုဏ်တင်ချီးမွမ်းပါတယ်။

၂၀၁၉ လုပ်ငန်းတော်နှစ်မှာ တခြား သမိုင်းဝင်၊ အမှတ်တရ အဖြစ်အပျက်တွေလည်း ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတွေ၊ ကျမ်းစာ ထုတ်ဝေမှုတွေ၊ ညီရင်းအစ်ကိုမေတ္တာကို နည်းအမျိုးမျိုးနဲ့ တင်ပြခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက စုစုပေါင်းမှတ်တမ်းတချို့ကို အောက်မှာ ဖော်ပြထားပါတယ်။ a

  • မှတ်တမ်းသွင်းတဲ့ နိုင်ငံ အရေအတွက်– ၂၄၀

  • ကမ္ဘာတစ်ဝန်း အောက်မေ့ရာပွဲ တက်ရောက်သူများ– ၂၀,၉၁၉,၀၄၁

  • အများဆုံး ကြေညာသူ– ၈,၆၈၃,၁၁၇

  • နှစ်ခြင်းခံသူ အရေအတွက်– ၃၀၃,၈၆၆

ဒီလိုမှတ်တမ်းကောင်းတွေက ၂၀၂၀ နှစ်ချုပ်ကျမ်းချက်ပါ သခင်ယေရှုရဲ့ ဒီစကားကို လိုက်လျှောက်ဖို့ လှုံ့ဆော်မှု ဖြစ်စေပါတယ်– ‘ဒါကြောင့် သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ နှစ်ခြင်းပေးကြပါ။’—မဿဲ ၂၈:၁၉

a ယေဟောဝါသက်သေများရဲ့ ၂၀၁၉ လုပ်ငန်းတော်နှစ် မှတ်တမ်း အပြည့်အစုံကို မကြာမီ jw.org နဲ့ JW Library app မှာ ဖော်ပြပေးပါမယ်။