မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေးအဖွဲ့ဝင်များ အောက်မေ့ရာပွဲ ဟောပြောချက် ပေးနေစဉ်၊ (ဝဲဘက်) ညီအစ်ကို အန်တိုနီ မောရစ္စ ဗေသလမိသားစုအတွက် ဟောပြောချက် ထုတ်လွှင့်နေစဉ်၊ (ယာဘက်ထိပ်) ညီအစ်ကို ဂျက်ဖရီ ဂျက်ဆင်နဲ့ (ယာဘက်အောက်) ညီအစ်ကို မာ့ခ် ဆန်ဒါစန်တို့က မိမိတို့အခန်းထဲကနေ အသင်းတော်တွေဆီ ဗီဒီယိုချိတ်ဆက်မှုနဲ့ ဟောပြောချက် ပေးနေကြစဉ်

၂၀၂၀၊ ဧပြီ ၁၀
ကမ္ဘာတစ်ဝန်းက သတင်းများ

၂၀၂၀ အောက်မေ့ရာပွဲ ကျင်းပခြင်း—အမေရိကန်ပြည်ထောင်စု ဗေသလအဆောက်အအုံများ

၂၀၂၀ အောက်မေ့ရာပွဲ ကျင်းပခြင်း—အမေရိကန်ပြည်ထောင်စု ဗေသလအဆောက်အအုံများ

၂၀၂၀၊ ဧပြီ ၇ မှာ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ဖြစ်နေတဲ့ကြား ယေရှုခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ ကျင်းပခဲ့ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို စတီဗင်လက်က “ကျွန်တော်တို့အတွက် ယေဟောဝါနဲ့ ယေရှု လုပ်ဆောင်ပေးတာတွေကို ကျေးဇူးတင်လေးမြတ်စိတ် ပျောက်ဆုံးအောင်၊ အောက်မေ့ရာပွဲ ကျင်းပမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက် ပျက်ပြားအောင် ဘယ်ဗိုင်းရပ်စ်၊ ဘယ်ကပ်ရောဂါကမှ မတားဆီးနိုင်ပါဘူး” လို့ ပြောတယ်။ ဒါမှန်တယ်ဆိုတာ ဒီနှစ် ဘယ်လို ပေါ်လွင်သလဲ။

ဒီဆောင်းပါးက ကပ်ရောဂါဘေး ကျရောက်ချိန် ကမ္ဘာတစ်ဝန်း ညီအစ်ကို/မတွေ အောက်မေ့ရာပွဲ ကျင်းပပုံ မှတ်တမ်းဆောင်းပါးတွဲတွေထဲက ပထမဆုံး ဆောင်းပါး ဖြစ်တယ်။ ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့ဌာနချုပ်နဲ့ အမေရိကန် ဌာနခွဲရုံးမှာ အောက်မေ့ရာပွဲ ကျင်းပပုံကို ဒီပထမဆုံးဆောင်းပါးမှာ ဖော်ပြပါမယ်။

လူစုလူဝေး စုဆုံမှုတွေ မလုပ်ကြဖို့ အစိုးရ တားမြစ်တာကို နာခံတဲ့အနေနဲ့ အုပ်ချုပ်ရေးအဖွဲ့က ဗေသလအိမ်သားအားလုံးအတွက် အောက်မေ့ရာပွဲ အစီအစဉ်တစ်ခု လုပ်ဖို့ ဆုံးဖြတ်တယ်။ ဟောပြောချက်ကို ဝေါဝစ်အသံသွင်းခန်းကနေ ဟောမယ်။ ညီအစ်ကို အန်တိုနီ မောရစ္စက ဟောပြောသူ ဖြစ်တယ်။ အစီအစဉ်ကို အမေရိကန် ဗေသလမိသားစုဝင်အားလုံး မိမိတို့အခန်းကနေ ကြည့်ရှုလို့ ရတယ်။ အထိမ်းအမှတ် စားသုံးသူ အနည်းငယ်ပဲ ရှိပေမဲ့ ဗေသလရုံးခန်းက မိသားစုဝင်အားလုံးအတွက် မုန့်နဲ့ စပျစ်ရည် ပြင်ဆင်ပေးတယ်။

ဗေသလမိသားစုအတွက် အောက်မေ့ရာပွဲ အထိမ်းအမှတ်တွေ ပြင်ဆင်ထားပေး

ဗေသလအိမ်သားတွေဟာ အောက်မေ့ရာပွဲ အစီအစဉ်ကို မိမိတို့အသင်းတော်နဲ့ ဗီဒီယိုချိတ်ဆက်ပြီး ပါဝင်နိုင်ကြတယ်။ ဒါ့အပြင် ဗေသလအိမ်သား အကြီးအကဲတွေက အောက်မေ့ရာပွဲ ဟောပြောချက်ကို ဗီဒီယိုချိတ်ဆက်ပြီး ဟောပြောခွင့် ရှိကြတယ်။

ဝေါဝစ်ဗေသလမှာ အမှုဆောင်နေတဲ့ စုံတွဲတစ်တွဲ ဗေသလအခန်းကနေ အောက်မေ့ရာပွဲ တက်ရောက်နေစဉ်

ဒီနှစ် အောက်မေ့ရာပွဲဟာ တက်ခဲ့သမျှမှာ အထူးခြားဆုံးပဲလို့ ဗေသလအိမ်သားများစွာ ပြောကြတယ်။ ယေဟောဝါဘုရားနဲ့ သားတော် ယေရှုခရစ် ပြသတဲ့ အကြီးမားဆုံးမေတ္တာကို ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေနဲ့အတူ ဆင်ခြင်သုံးသပ်ခွင့်ရတဲ့အတွက် လူချင်း ဝေးနေကြပေမဲ့ စိတ်ချင်း နီးနေတယ်လို့ သူတို့ ခံစားရတယ်။—ယောဟန် ၃:၁၆။ မဿဲ ၂၀:၂၈