မာတိကာဆီ ကျော်သွား

ကိုရီးယားမှာ အို့မိသားစု အောက်မေ့ရာပွဲကို အတူပါဝင်နေကြစဉ်။ သမီးနှစ်ယောက်နဲ့ ဖခင် (ဝဲဘက်) အိမ်မှာ အောက်မေ့ရာပွဲ ကျင်းပနေကြ။ ဆေးရုံတက် ကုသမှု ခံယူနေရတဲ့ အမေ (ယာဘက်) လည်း ဗီဒီယိုချိတ်ဆက်မှုနဲ့ ပါဝင်နေပုံ

ဧပြီ ၂၂၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

၂၀၂၀ အောက်မေ့ရာပွဲ—အာရှ

ဂျပန်နဲ့ တောင်ကိုရီးယားမှာ အိုမင်းမစွမ်း ညီအစ်ကို/မများ အခက်အခဲကြား အောက်မေ့ရာပွဲ တက်ရောက်ကြ

၂၀၂၀ အောက်မေ့ရာပွဲ—အာရှ

COVID-19 ကြောင့် ဆေးရုံနဲ့ ဘိုးဘွားရိပ်သာက ညီအစ်ကို/မတွေဟာ အောက်မေ့ရာပွဲ တက်ဖို့ တစ်မူထူးတဲ့ အခက်အခဲတွေ ကြုံရတယ်။ အများစုက ဘယ်မှ ထွက်လို့ မရသလို ဧည့်သည် တွေ့ခွင့်လည်း မရှိဘူး။ ဒီလိုအခက်အခဲကြား ဒေသခံ အကြီးအကဲတွေ ကူညီမှုကြောင့် ဒီနှစ်ရဲ့ အရေးကြီးဆုံး အောက်မေ့ရာပွဲမှာ သူတို့ ပါဝင်နိုင်ကြတယ်။

တောင်ကိုရီးယား

နာဂျူမြို့မှာ အသက် ၉၁ နှစ်နဲ့ ၈၈ နှစ်အရွယ် ညီအစ်မ လီဂျုံမ်စွန်းနဲ့ ညီအစ်မ ကွမ်အီစွန်းတို့ဟာ အသက် ၉၆ နှစ်အရွယ် စိတ်ဝင်စားသူ အမျိုးသမီးနဲ့အတူ အောက်မေ့ရာပွဲ တက်ဖို့ ဆုံးဖြတ်ထားတယ်။ သူတို့ရဲ့ ဘိုးဘွားရိပ်သာမှာ ရှိတဲ့ ဆရာဝန်တစ်ယောက်က ယေဟောဝါသက်သေပါ။ သူ့အိမ်မှာ အသင်းတော်နဲ့အတူ အောက်မေ့ရာပွဲအစီအစဉ် တက်ပြီးတဲ့နောက် ဘိုးဘွားရိပ်သာကို ပြန်လာတယ်။ ဒီညီအစ်မ နှစ်ယောက်နဲ့ စိတ်ဝင်စားသူ အမျိုးသမီးတို့ jw.org ကနေ အောက်မေ့ရာပွဲ အစီအစဉ်ဗီဒီယို ကြည့်ရှုနိုင်အောင် ကူညီပေးတယ်။ မုန့်နဲ့ စပျစ်ဝိုင်ကိုလည်း ယူလာပေးတယ်။

အူဂျုံဘူမြို့က ညီအစ်ကို ချွိုင်ဂျေချွယ်က သက်ကြီးပိုင်း ညီအစ်ကို/မ ၁၄ ယောက်ရှိတဲ့ ဘိုးဘွားရိပ်သာက ဝန်ထမ်းပါ။ ကပ်ရောဂါဖြစ်နေချိန် အဲဒီညီအစ်ကို/မတွေနဲ့ စိတ်ဝင်စားသူတွေကို အောက်မေ့ရာပွဲ အစီအစဉ်ဗီဒီယို ကြည့်ရှုနိုင်အောင် ကူညီပေးတယ်။ ကြည့်ရှုတဲ့ စိတ်ဝင်စားသူတချို့နဲ့ ကျမ်းစာသင်အံမှု စတင်နိုင်ပြီ။

အသက် ၅၉ နှစ်အရွယ် ညီအစ်မ ကင်တေစန်းက ချိုနန်မြို့မှာ နေတယ်။ ညီအစ်မ ကင်ဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ကင်ဆာရောဂါ ခံစားနေရသူပါ။ ပြင်းပြင်းထန်ထန် နာကျင်မှုကြောင့် မကြာသေးခင်က ဆေးရုံတက်လိုက်ရတယ်။ အခန်းဖော်က အသက် ၆၉ နှစ်အရွယ် ညီအစ်မ ကင်ဂျုံမီ။ အဲဒီညီအစ်မလည်း ကင်ဆာ နောက်ဆုံးအဆင့်။ ကပ်ရောဂါကြောင့် ဆေးရုံမှာပဲ ဆက်နေရကြတယ်။ ဒါပေမဲ့ ဒေသခံ အကြီးအကဲတွေရဲ့ ကူညီမှုကြောင့် ညီအစ်မနှစ်ဦးစလုံး အောက်မေ့ရာပွဲကို အသင်းတော်နဲ့အတူ ဗီဒီယိုချိတ်ဆက်မှုကတစ်ဆင့် တက်ရောက်ခွင့်ရခဲ့တယ်။

ဒီညီအစ်မနှစ်ယောက်က အကြီးအကဲတွေဆီ ကျေးဇူးတင်စာ ရေးတယ်- “COVID-19 ဖြစ်နေချိန်၊ ကျွန်မတို့ နေမကောင်းဖြစ်နေချိန် အောက်မေ့ရာပွဲ တက်ရောက်ခွင့် ရအောင်၊ ညီအစ်ကို/မတွေနဲ့ ပူးပေါင်းပါဝင်နိုင်အောင် ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။”

ဂျပန်

ဂျပန်နိုင်ငံ၊ မိအဲနယ်မှာရှိတဲ့ အသက် ၇၀ အရွယ် ညီအစ်မ မီအေကို ဖူဂျီဝါရာက ဆေးရုံ တက်နေရတယ်။ ဆေးရုံမှာ အင်တာနက်လိုင်း မရှိတဲ့အတွက် အသင်းတော်နဲ့အတူ အောက်မေ့ရာပွဲကို ဗီဒီယိုချိတ်ဆက်မှုနဲ့ မတက်ရောက်နိုင်ဘူး။ ဒါပေမဲ့ ဒေသခံ အကြီးအကဲနဲ့ ဇနီးက အောက်မေ့ရာပွဲ ဟောပြောချက်ကို ကြိုးမဲ့စနစ်နဲ့ ဖုန်းထဲ ကြိုပို့ပေးထားတဲ့အတွက် ဆေးရုံအခန်းကနေ အောက်မေ့ရာပွဲကို တက်နိုင်ခဲ့တယ်။

ကန်နာဂါဝါနယ်၊ ဇမ်မမြို့က ၁၀၂ နှစ်အရွယ် ညီအစ်မ ယူကီ တာကေအူချီဟာ ဘိုးဘွားရပ်သာမှာ နေတယ်။ အောက်မေ့ရာပွဲ မတိုင်ခင် သမက်နဲ့ သမီးက မုန့်နဲ့ စပျစ်ဝိုင်ကို ပါဆယ်ထုတ်လေးနဲ့ ကြိုပို့ပေးထားတယ်။ ဒါကြောင့် သမီး၊ သမက်တို့နဲ့အတူ ဖုန်းကတစ်ဆင့် အောက်မေ့ရာပွဲမှာ ပါဝင်နိုင်ခဲ့တယ်။

သမက်ဖြစ်သူ ညီအစ်ကို မီမူရာ ဒီလိုပြောတယ်-‏ “ကျွန်တော့်ယောက္ခမက ၁၉၅၄ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ အောက်မေ့ရာပွဲကို တစ်နှစ်မှ မပျက်ခဲ့ဘူး။ ဒီနှစ်လည်း တစ်မူထူးတဲ့ အောက်မေ့ရာပွဲကို တက်နိုင်လို့ ပျော်နေတာ။ ဒေသခံ အကြီးအကဲတွေ အကူအညီနဲ့ အောက်မေ့ရာပွဲ တက်ဖို့ ဒီသက်ကြီးပိုင်း ကြေညာသူတွေရဲ့ ကြိုးစားမှုကို ယေဟောဝါ သိမြင်ကြောင်း ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်ပါတယ်။—ဟီဘရူ ၆:၁၀။