မာတိကာဆီ ကျော်သွား

၂၀၂၃ ကင်ပိန်းအတွင်း ကမ္ဘာတစ်ဝန်းမှာ ဝေငှခဲ့တဲ့ “ဘုရားသခင့်နိုင်ငံတော် ဆိုတာ ဘာလဲ” ခေါင်းစဉ်ရှိ ၂၀၂၀၊ အမှတ် ၂ ကင်းမျှော်စင်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

၂၀၂၃ စက်တင်ဘာ ကင်ပိန်းအတွင်း ဘုရားနိုင်ငံတော်သတင်း ကမ္ဘာတစ်ဝန်းကို ရောက်ရှိခဲ့

၂၀၂၃ စက်တင်ဘာ ကင်ပိန်းအတွင်း ဘုရားနိုင်ငံတော်သတင်း ကမ္ဘာတစ်ဝန်းကို ရောက်ရှိခဲ့

၂၀၂၃၊ စက်တင်ဘာလမှာ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ ဘုရားနိုင်ငံတော်သတင်း ကြေညာတဲ့ အထူးကင်ပိန်းမှာ ပါဝင်ခဲ့ကြတယ်။ “ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ” ခေါင်းစဉ်ရှိတဲ့ ၂၀၂၀၊ အမှတ် ၂ ကင်းမျှော်စင် ကို ဝေငှခဲ့ကြတယ်။ a ဒီကင်ပိန်းကနေ ရရှိတဲ့ တွေ့ကြုံမှုတွေကို ဖော်ပြလိုက်ပါတယ်။

အင်္ဂလန်

ကင်ပိန်းအတွင်း အင်္ဂလန်နိုင်ငံ၊ ဆောက်ပို့မြို့က မာ့ခ်နဲ့ ဆယ်နှစ်အရွယ်သား ဖင်န်ဟာ ပထမဆုံးအိမ်မှာ အမျိုးသမီးတစ်ယောက်နဲ့ ဆုံတယ်။ အမျိုးသမီးက မာ့ခ်လက်ထဲက ကင်းမျှော်စင်ကို လှမ်းယူလိုက်တယ်။ မျက်နှာဖုံးမှာရေးထားတဲ့ မေးခွန်းကို ညွှန်ပြပြီး “ဒီနေ့ ဒီကိုရောက်လာတာ ယုံတောင်မယုံနိုင်ဘူး။ ဒီမေးခွန်းရဲ့အဖြေကို တအားသိချင်နေတာ” လို့ ပြောတယ်။ အမျိုးသမီးရဲ့သား ဆုံးသွားတာ မကြာသေးအတွက် နှစ်သိမ့်မှုရဖို့ ကြိုးစားနေတဲ့အကြောင်း ပြောပြတယ်။ မာ့ခ်က ဘုရားနိုင်ငံတော်မှာ သေလွန်သူတွေ ရှင်ပြန်ထမြောက်လာမယ့်အကြောင်း ပြောပြတယ်။ ရင်ထဲထိသွားတဲ့အတွက် အမျိုးသမီးက နောက်ထပ်သိချင်လာတယ်။ မာ့ခ်နဲ့ ဖင်န် ပြန်လည်ပတ်တဲ့အခါ အမျိုးသမီးနဲ့ သူ့ခင်ပွန်းက ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်ကို လက်ခံယူကြတဲ့အတွက် ကျမ်းစာသင်အံမှု စလိုက်တယ်။

အင်ဒိုနီးရှား

အင်ဒိုနီးရှားမှာ ညီအစ်ကို ဖရက်ဒရစ် ဆေးခန်းပြဖို့ စောင့်ဆိုင်းနေချိန်မှာ သားဖြစ်သူကို ဆေးခန်းလာပြတဲ့ အမျိုးသားနဲ့ စကားစမြည် ပြောဖြစ်တယ်။ ဖရက်ဒရစ်က ဖျားနာမှုတွေ၊ ဆင်းရဲဒုက္ခတွေ မကြာခင် ကွယ်ပျောက်တော့မယ်ဆိုတဲ့ ကျမ်းစာကတိကို ပြောပြတယ်။ ဘုရားနိုင်ငံတော်နဲ့ပတ်သက်ပြီး မဿဲ ၆:၉၊ ၁၀ မှာပါတဲ့ ယေရှုရဲ့စကားကိုလည်း ဖတ်ပြတယ်။ ပြီးနောက် “ဘယ်လိုနည်းနဲ့ ဆင်းရဲဒုက္ခတွေ ကွယ်ပျောက်သွားမလဲ” လို့ ဖရက်ဒရစ် မေးတဲ့အခါ အမျိုးသားက “ဘုရားသခင်နဲ့ ဘုရားရဲ့ နိုင်တော်တော်အားဖြင့်” လို့ အဖြေမှန်ပေးတယ်။ ပြီးတာနဲ့ ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲလို့ ပြန်မေးတယ်။ အဲဒီအချိန်မှာ သားဖြစ်သူရဲ့ နာမည်ကို ခေါ်တဲ့အတွက် သူတို့ဝင်ရတော့မယ်။ ဖရက်ဒရစ်က သူ့ရဲ့လိပ်စာနဲ့ ကင်းမျှော်စင် ကို ခပ်မြန်မြန် ပေးလိုက်တယ်။ အံ့ဩစရာက နောက်နေ့မနက်မှာ အဲဒီအမျိုးသားနဲ့ဇနီးဖြစ်သူဟာ ဖရက်ဒရစ်ရဲ့ ဂိတ်တံခါးပေါက်ကို ရောက်လာပြီး ဘုရားနိုင်ငံတော်ကနေ ရရှိမယ့် အကျိုးကျေးဇူးတွေအကြောင်း ထပ်သိချင်တယ်လို့ ပြောတယ်။ ဆက်ဆွေးနွေးကြဖို့ ဖရက်ဒရစ် ဝမ်းသာအားရ စီစဉ်လိုက်တယ်။

မာလာဝီ

မာလာဝီမှာ ညီအစ်မနှစ်ယောက်က ရွာသူကြီးတစ်ယောက်ကို ကင်းမျှော်စင် မဂ္ဂဇင်းပေးပြီး မကြာခင် ကမ္ဘာတစ်ခုလုံးကို ဘုရားနိုင်ငံတော် အုပ်ချုပ်တော့မယ့်အကြောင်း ရှင်းပြတယ်။ သူကြီးက “ဒါဆို တစ်နေ့ကျရင် ငါ့ရဲ့နိုင်ငံကို ငါ လက်လွှတ်ရမှာပေါ့၊ ဟုတ်လား” လို့မေးတယ်။ လူသားတွေ ကြုံနေရတဲ့ ပြဿနာတွေကို ဘုရားနိုင်ငံတော်တစ်ခုတည်းကပဲ ဖြေရှင်းပေးနိုင်တဲ့အကြောင်းကို ပြောပြပြီးနောက်မှာတော့ သူကြီးက “ဒါဆို ကောင်းတာပေါ့။ ငါက သူကြီးတစ်ယောက်ဆိုပေမဲ့ သူကြီးတစ်ယောက် မလုပ်နိုင်တဲ့အရာကို ဘုရားနိုင်ငံတော်က လုပ်ပေးနိုင်တယ်ဆိုတာ သဘောပေါက်သွားပြီ” လို့ပြောတယ်။ တခြားရွာက သူကြီးတွေကိုပေးဖို့ ကင်းမျှော်စင် ငါးစောင် ထပ်တောင်းတယ်။ ကျမ်းစာအကြောင်း နောက်ထပ် ဆွေးနွေးချင်သေးတယ်လို့လည်း ပြောတယ်။

မက္ကဆီကို

မက္ကဆီကိုနိုင်ငံ၊ ပွက်ဘလာမြို့မှာ ညီအစ်မတစ်ယောက် ဘတ်စကားစီးနေတုန်း သက်ကြီးအမျိုးသားတစ်ယောက်ကို သတင်းကောင်းတစ်ခု ပြောပြချင်တယ်၊ ရမလားလို့ မေးလိုက်တယ်။ အမျိုးသားက ခွင့်ပေးတဲ့အခါ ညီအစ်မက ဘုရားနိုင်ငံတော်အကြောင်း ဖော်ပြထားတဲ့ မဿဲ ၆:၉၊ ၁၀ ပါ ယေရှုရဲ့ စကားကို ဖတ်ပြတယ်။ အမျိုးသားက “ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ။ ငါက ကျမ်းစာ တစ်ခါမှ မဖတ်ဖူးဘူး။ ယေဟောဝါသက်သေတွေနဲ့လည်း တစ်ခါမှ စကားမပြောဖူးဘူး” လို့ ပြောတယ်။ ညီအစ်မက ဖုန်းထဲကနေ ကင်းမျှော်စင် မဂ္ဂဇင်းကိုပြပြီး သူ့မေးခွန်းကို အဖြေပေးတယ်။ အမျိုးသားက မေးခွန်းတွေ ထပ်မေးလာတဲ့အတွက် ညီအစ်မက JW Library အက်ပ်ကနေ အဖြေရှာနိုင်ပုံကို ပြောပြတယ်။ သူ့ဖုန်းက သိုလှောင်နေရာ သိပ်မရှိတဲ့အတွက် “ဘုရားနိုင်ငံတော်အကြောင်း လေ့လာဖို့က ပိုအရေးကြီးတယ်” လို့ပြောပြီး ဖုန်းထဲကတခြားအရာတွေကို ဖျက်လိုက်တယ်။ ဆင်းရမယ့်နေရာကို ရောက်တဲ့အချိန်မှာတော့ ကင်းမျှော်စင် တစ်အုပ်လုံးလည်း ဖတ်ပြီးသွားပြီ၊ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင် ပထမ သင်ခန်းစာလည်း ဆွေးနွေး ပြီးသွားပြီ။ ကျမ်းစာသင်အံမှုလုပ်ဖို့လည်း လက်ခံတယ်။ ညီအစ်မကို ကျေးဇူးတင်စကား ထပ်တလဲလဲပြောပြီး အစည်းအဝေးတွေ တက်ချင်တဲ့အကြောင်းလည်း ပြောတယ်။

နယူးဇီလန်

နယူးဇီလန်မှာ တစ်အိမ်မှတစ်အိမ် အမှုဆောင်နေရင်း ညီအစ်ကို ဘန်က ကလေးရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံတယ်။ မကြာခင် ဘုရားနိုင်ငံတော်က ဆင်းရဲဒုက္ခတွေကြောင့် ထိခိုက်နာကျင်ခံစားနေရသူတွေကို သက်သာရာရစေတော့မယ့်အကြောင်း ရှင်းပြတယ်။ ဒါနဲ့ သူက “ရှင်ဒီကို ရောက်လာတာ အံ့ဩစရာပဲ။ မနေ့ညကပဲ ကျွန်မ အနာဂတ်အကြောင်း တွေးပူပြီး အိပ်လို့မပျော်ဘူး” လို့ ပြောပြီး မျက်ရည်တွေ ကျလာတယ်။ ဘန်က ဗျာဒိတ် ၂၁:၄ ဖတ်ပြပြီး ဘုရားနိုင်ငံတော်က ဖျားနာမှုနဲ့ သေခြင်းကို ဘယ်လိုနည်းနဲ့ အဆုံးတိုင်စေမယ်ဆိုတာ ရှင်းပြတယ်။ သူ ကင်းမျှော်စင် လက်ခံပြီး ဖတ်ကြည့်မယ်၊ နောက်ထပ်သိချင်သေးတယ်လို့ ပြောတယ်။

တောင်ဆူဒန်

တောင်ဆူဒန်မှာရှိတဲ့ ဒုက္ခသည်စခန်းမှာ လူအတော်များများက ဘုရားနိုင်ငံတော်အကြောင်း သိချင်ကြတယ်။ နှစ်နာရီအတွင်းမှာပဲ ကင်းမျှော်စင် အပါအဝင် စာပေ ၁,၀၀၀ နီးပါး ဝေငှခဲ့ရတယ်။ ဒုက္ခသည်တစ်ယောက်က “ခင်ဗျားတို့ အချိန်ကိုက်ကို ရောက်လာကြတာ။ ကျွန်တော်တို့ လိုအပ်နေတာ ဒါပဲ” လို့ ပြောတယ်။ နောက် ဒုက္ခသည်တစ်ဦးကလည်း “ကျွန်တော်တို့ကို သတိရပေးလို့ ကျေးဇူးပါ။ ခင်ဗျားတို့ အဝေးကြီးကနေ လာရတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ထပ်လာဦးနော်” လို့ ပြောတယ်။

ထိုင်ဝမ်

ထိုင်ဝမ်က ညီအစ်မနှစ်ယောက်ဟာ မကြာသေးခင်က ဟာဝိုင်ယီမှာ မီးလောင်တဲ့သတင်းကြောင့် စိတ်မကောင်းဖြစ်နေတဲ့ အမျိုးသားတစ်ယောက်နဲ့ ဆုံတယ်။ ညီအစ်မတစ်ယောက်က အနာဂတ် ကမ္ဘာ့ပရဒိသုအခြေအနေကို ပုံဖော်ထားတဲ့ ကင်းမျှော်စင်ထဲက ရုပ်ပုံကို သူ့ကိုပြလိုက်တယ်။ သူက “ကမ္ဘာမြေကြီးဟာ ရုပ်ပုံမှာပါတဲ့အတိုင်းသာ ဖြစ်လာမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ အခုကတော့ သတင်းဆိုးတွေပဲ ကြားနေရတယ်။ ဒီလို နှစ်သိမ့်မှုဖြစ်စေတဲ့ မျှော်လင့်ချက်သတင်း ကြားရလို့ သိပ်ဝမ်းသာတယ်” လို့ ပြောတယ်။

ကျွန်တော်တို့တွေ ဒီကမ္ဘာချီကင်ပိန်းမှာ ပါဝင်ခွင့်ရပြီး ဘုရားနိုင်ငံတော် တစ်ခုတည်းကသာ စစ်မှန်တဲ့ နှစ်သိမ့်မှု၊ မျှော်လင့်ချက်ပေးနိုင်တယ်ဆိုတာ ဝေမျှခွင့်ရတာဟာ တကယ့် အခွင့်ထူးပါ။—ရောမ ၁၅:၄

ကမ္ဘာချီဟောပြောခြင်း ကင်ပိန်းမှာ ပျော်ပျော်ပါးပါး ပါဝင်ခဲ့ကြတဲ့ နိုင်ငံတချို့က ညီအစ်ကို/မတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

a ဒီဆောင်းပါးမှာ ကင်းမျှော်စင် လို့ပြောတဲ့အခါ ၂၀၂၀၊ အမှတ် ၂ ကင်းမျှော်စင်ကို ရည်ညွှန်းပါတယ်။

 

ဘာကီးနားဖားဆို

ကော့စတာရီကာ

အီသီယိုးပီးယား

ဂျော်ဂျီယာ

အင်ဒိုနီးရှား

အီတလီ

ကင်ညာ

မက္ကဆီကို

နယူးဇီလန်

ပနားမား

ပိုလန်

စကော့တလန်

တောင်ကိုရီးယား

ထိုင်ဝမ်

တိုဂို

ဝေလပြည်နယ်