မာတိကာဆီ ကျော်သွား

ဧပြီ ၂၀၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

COVID-19 ကြောင့် ညီအစ်ကို/မများ အွန်လိုင်းကတစ်ဆင့် လှူဒါန်းကြ

COVID-19 ကြောင့် ညီအစ်ကို/မများ အွန်လိုင်းကတစ်ဆင့် လှူဒါန်းကြ

ဒေသများစွာမှာ ညီအစ်ကို/မတွေဟာ ကမ္ဘာချီကပ်ရောဂါကြောင့် ဘုရားရေးရာလုပ်ငန်းတွေကို အခြေအနေနဲ့အညီ ပြောင်းလဲလုပ်ဆောင်ခဲ့ရတယ်။ ဝတ်ပြုရာခန်းမတွေမှာ စုဝေးဝတ်ပြုမှုတွေကို ယာယီ ရပ်ဆိုင်းထားရတဲ့အတွက် ဗီဒီယိုချိတ်ဆက်မှုနဲ့ပဲ အစည်းအဝေးတွေ တက်ရကြတယ်။ ဒါကြောင့် လူများစွာက ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကို ထောက်ပံ့ဖို့ အွန်လိုင်းကတစ်ဆင့် အလှူငွေ ထည့်ဝင်နည်းကို သုံးလာကြတယ်။

နိုင်ငံပေါင်း ၁၁၂ နိုင်ငံကျော်က ယေဟောဝါသက်သေတွေဟာ ဒက်ဘစ်ကတ်၊ ခရက်ဒစ်ကတ်တွေ သုံးပြီး donate.pr418.com ကနေ အီလက်ထရောနစ်နည်းနဲ့ လှူဒါန်းနိုင်ပါပြီ။

ဝတ်ပြုရာခန်းမတွေမှာ အလှူငွေထည့်လို့ မရတော့တဲ့အတွက် donate.pr418.com ကနေ အရစ်ကျ လှူဒါန်းတဲ့နည်းလမ်း သုံးဖို့ ညီအစ်ကို/မများစွာ ဆုံးဖြတ်ကြတယ်။ အမေရိကန်ပြည်ထောင်စုမှာ နေတဲ့ အသက် ၇၄ နှစ်အရွယ် ကြေညာသူ ညီအစ်မ ဆူဆန် ကိုဟန်က အရစ်ကျ လှူဒါန်းမှုကို သုံးပြီး လှူတယ်။ “သိပ်လွယ်တယ်။ ကျွန်မတောင် သုံးတတ်မှတော့ လူတိုင်း သုံးတတ်မှာပါ။ ဒီလို လှူဒါန်းခွင့်ရလို့ သိပ်ပျော်တယ်” ဆိုပြီး သူပြောတယ်။

ဘရာဇီးက ညီအစ်ကို အက်ဒူရာဒို ပိုင်ဗာက donate.pr418.com ကနေ လှူဒါန်းတာကို လူကိုယ်တိုင် မလှူနိုင်သူတွေအတွက် လှူဒါန်းနည်းတစ်မျိုးလို့ပဲ ထင်ခဲ့တယ်။ “ဒီလှူဒါန်းနည်းက အရေးပေါ်ချိန်၊ အခက်ကြုံချိန်တွေမှာ ကမ္ဘာချီလုပ်ငန်းကို ထောက်ပံ့နိုင်တဲ့ အကောင်းဆုံးနည်း ဖြစ်မှန်း ခုတော့ သိသွားပါပြီ။ အခုလို နောက်ဆုံးကာလမှာ ဒီနည်းနဲ့ ကျေးဇူးတင်လေးမြတ်စိတ်၊ မေတ္တာကို ပြနိုင်ကြတယ်” လို့ သူပြောတယ်။

နယူးယောက်ပြည်နယ်၊ ဝေါဝစ်မှာရှိတဲ့ ယေဟောဝါသက်သေတို့ရဲ့ ကမ္ဘာ့ဌာနချုပ်က ငွေစာရင်းရုံး ကြီးကြပ်မှူး ညီအစ်ကို ဂါဂျပ်စ် ဂလော့ကန်တင် ပြောတယ်- “ညီအစ်ကို/မတွေရဲ့ ဟောပြောခြင်းလုပ်ငန်း ထောက်ပံ့လိုစိတ်ကို မြင်ရတာ အားရှိစရာပဲ။ ဒီအလှူငွေတွေကို ကျွန်တော်တို့ တန်ဖိုးထားတယ်။ အလှူငွေတွေကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ ကုန်ကျစရိတ် ချွေတာနိုင်မယ့် နည်းလမ်းတွေကို အတတ်နိုင်ဆုံး ရှာကြံလုပ်ဆောင်နေပါတယ်။ တချို့အတွက် လှူဒါန်းနိုင်တဲ့ ငွေပမာဏ လျော့နည်းသွားမှာ ဖြစ်ပေမဲ့ ယေဟောဝါအဖွဲ့အစည်းကို ထောက်ပံ့လိုတဲ့ စေတနာစိတ်ကတော့ လျော့နည်းမသွားပါဘူး။”—၂ ကောရိန္သု ၉:၇