မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ ဇွန် ၁၇ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

JW Library ထဲက ကျမ်းစာလေ့လာမှုလမ်းညွှန်မှာ ကျမ်းညွှန်းတွေ ထပ်ဖြည့်

JW Library ထဲက ကျမ်းစာလေ့လာမှုလမ်းညွှန်မှာ ကျမ်းညွှန်းတွေ ထပ်ဖြည့်

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့မှာ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှုလမ်းညွှန်စာအုပ်ကို JW Library အက်ပ်မှာ ပြုပြင်မွမ်းမံထားတဲ့ ဗားရှင်းနဲ့ ထုတ်ဝေခဲ့တယ်။ စာအုပ်မှာ ကျမ်းညွှန်းတွေကို ထပ်ဖြည့်ထားတယ်။

ဘာတွေကို ပြုပြင်မွမ်းမံခဲ့သလဲ

၂၀၁၃ ခုနှစ်မှာထုတ်ခဲ့တဲ့ ကျမ်းစာလေ့လာမှုလမ်းညွှန်စာအုပ်မှာ ထုတ်ဝေပြီးခါစ ဆောင်းပါးတွေနဲ့ချိတ်ဆက်ထားတဲ့ ကျမ်းညွှန်းတွေ ပါရှိတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း စာပေအဟောင်းတွေကိုလည်း JW Library အက်ပ်မှာ ထည့်သွင်းခဲ့တယ်။ ကင်းမျှော်စင် အွန်လိုင်းစာကြည့်တိုက် (WOL) မှာပဲ တွေ့ရှိရတဲ့ စာပေအများစုကိုလည်း အက်ပ်မှာ အခုရရှိနိုင်ပြီ။ မွမ်းမံထားတဲ့ ကျမ်းစာလေ့လာမှု လမ်းညွှန်စာအုပ်ထဲမှာ ထိုးထွင်းသိမြင်စာအုပ်အပါအဝင် စာပေအဟောင်းတွေ ပါရှိတယ်။ JW Library မှာရှိတဲ့ ကျမ်းစာလေ့လာမှုလမ်းညွှန်ထဲက ကျမ်းညွှန်းတွေကို အင်တာနက်နဲ့မချိတ်ဆက်ဘဲ ဖတ်ရှုနိုင်တယ်။

မွမ်းမံထားတဲ့ ကျမ်းစာလေ့လာမှုလမ်းညွှန်စာအုပ်ထဲမှာ ပျော်စရာဘဝထာဝရစံစားကြ စာအုပ်ကိုလည်း ထည့်သွင်းထားတယ်။ ကာရီလို့ခေါ်တဲ့ ညီအစ်မ အခုလိုပြောတယ် - “ဖုန်းနဲ့သက်သေခံရတာ ကျွန်မ ကြောက်ပေမဲ့ လူတွေကို နှစ်သိမ့်ပေးဖို့ လိုအပ်တယ်ဆိုတာ သိတယ်။ တစ်ခါတလေ ကျမ်းချက်တွေကို မှတ်မိပေမဲ့ ရိုးရှင်းပြီး ထိရောက်တဲ့နည်းနဲ့ တင်ဆက်နိုင်ဖို့ အကူအညီ လိုအပ်တယ်။ ဒါမှ အိမ်ရှင်တွေနဲ့ ထပ်စကားပြောနိုင်မှာ။ ကျမ်းချက်တစ်ချက်ကို ကြည့်လိုက်တဲ့အခါ ပျော်စရာဘဝ ထာဝရစံစားကြစာအုပ်အပါအဝင် ကျမ်းစာလေ့လာမှုလမ်းညွှန်စာအုပ်ထဲက အကြောင်းအရာတွေကို ချက်ချင်းရှာနိုင်တဲ့အတွက် အမှုဆောင်မှာ ယုံကြည်မှုနဲ့ ပျော်ရွှင်မှု တိုးများလာတယ်။”

ကျမ်းစာလေ့လာမှုလမ်းညွှန် ထုတ်လုပ်တဲ့နည်းကို ရိုးရှင်းအောင် ပြုလုပ်ထားတဲ့အတွက် တခြားဘာသာစကားတွေနဲ့လည်း ရရှိနိုင်ကြပြီ။ ချီလီဌာနခွဲမှာ အမှုဆောင်နေတဲ့ ညီအစ်ကို အိုင်ဗို အခုလိုပြောတယ် “ကျမ်းစာလေ့လာမှုလမ်းညွှန်ကို မာပူဒွန်ဂွန်စကားနဲ့ ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့တယ်။ ဒီလိုစာပေမျိုးကို တစ်ခါမှ မထုတ်လုပ်ဖူးပေမဲ့ ထုတ်လုပ်တဲ့နည်းက ရိုးရှင်းတယ်။ ကျွန်တော်တို့ ဘာသာစကားနဲ့ ကျမ်းစာလေ့လာမှုလမ်းညွှန်ကို ရတဲ့အတွက် ညီအစ်ကို/မ တွေ အံ့သြကြတယ်။ လူအနည်းစုပဲပြောတဲ့ ဘာသာစကားနဲ့ ထုတ်ပေးမယ်လို့ စိတ်ကူးတောင် မယဉ်ဖူးကြဘူး။ ဒီစာအုပ်က ကိုယ်ပိုင်လေ့လာမှုလုပ်တဲ့အခါ၊ မှတ်ချက်နဲ့ ဟောပြောချက်တွေအတွက် ပြင်ဆင်တဲ့အခါ အသုံးတည့်လို့ သူတို့ သိပ်ပျော်ကြတယ်။”

ကျမ်းစာလေ့လာမှုလမ်းညွှန်ထဲက ကျမ်းညွှန်းကို သုံးနည်း

  • ကျမ်းစာထဲက သင်ရှာဖွေလိုတဲ့ အခန်းငယ်ကို သွားပါ။

  • အခန်းငယ်နံပါတ်ကို နှိပ်ပါ။ ပေါ်လာတဲ့ မီနူးအကွက်ထဲက ကျမ်းစာလေ့လာမှုလမ်းညွှန်စာအုပ် သင်္ကေတကို နှိပ်ပါ။ ကျမ်းစာလေ့လာမှုလမ်းညွှန်စာအုပ် သင်္ကေတမရှိရင် ကျမ်းချက်ကို ရှင်းပြထားတဲ့ အကြောင်းအရာမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ကျမ်းစာလေ့လာမှုလမ်းညွှန်မှာ နောက်ဆုံးထုတ်ဝေထားတဲ့ အကြောင်းအရာတွေကို ဦးဆုံးဖော်ပြထားတယ်။ အရင်တုန်းကထုတ်ဝေခဲ့တဲ့ အကြောင်းအရာတွေကို ဖတ်ချင်ရင် ကျမ်းစာလေ့လာမှုလမ်းညွှန်အကွက်ရဲ့မျက်နှာပြင်အောက်ဘက်ကို ဆင်းပါ။ နှစ်တွေတစ်လျှောက် ကျမ်းချက်တွေရဲ့ရှင်းပြချက် ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး နောက်ဆုံးရှင်းပြချက်ကိုသိဖို့ နောက်ဆုံးထုတ်အကြောင်းအရာကို ဖတ်ပါ။