မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၁၉, ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

JW Library Sign Language App ရဲ့ အသွင်အပြင်သစ်

JW Library Sign Language App ရဲ့ အသွင်အပြင်သစ်

၂၀၂၀၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် JW Library Sign Language App ဗားရှင်း ၄ မှာ ထူးခြားတဲ့ အသွင်အပြင်သစ်တစ်ခု ပါတယ်။ လက်သင်္ကေတပြ ဘာသာစကား အသုံးပြုသူတွေဟာ တစ်ချက်လေး နှိပ်လိုက်ရုံနဲ့ ညွှန်းထားတဲ့ အကြောင်းအရာတွေ ပေါ်လာမှာ ဖြစ်လို့ အသင်းတော် အစည်းအဝေးအတွက် ပြင်ဆင်ဖို့၊ ကျမ်းစာလေ့လာမှု လုပ်ဖို့ လွယ်သွားပါပြီ။

JW Library App အသုံးပြုသူတွေဟာ ကိုယ်ဖတ်နေတဲ့ ဆောင်းပါး နေရာရွေ့သွားခြင်း မရှိဘဲ ညွှန်းထားတဲ့ ကျမ်းချက်တွေ၊ စာစောင်တွေရဲ့ လင့်ခ်ကို နှိပ်ပြီး ဖတ်ရှုနိုင်တာ ကြာပါပြီ။ လက်သင်္ကေတပြ ဘာသာစကား အသုံးပြုသူတွေကတော့ အဲဒီလို မလုပ်နိုင်ကြဘူး။ လက်သင်္ကေတပြ ဗီဒီယိုတွေကို အလိုအလျောက် ဖွင့်ပေးတဲ့နည်း မရှိလို့ပါ။

JW Library Sign Language App ဗားရှင်း ၄ မှာတော့ အညွှန်းလင့်ခ်တွေ ပါတယ်။ တစ်ချက် နှိပ်လိုက်ရုံနဲ့ ညွှန်းထားတဲ့ ဗီဒီယိုတွေကို ကြည့်နိုင်မယ်။ နဂိုကြည့်နေတဲ့ ဗီဒီယိုတွေကိုလည်း ပြန်သွားနိုင်ပါပြီ။

ကြားရက် အစည်းအဝေးအတွက် အကြောင်းအရာတွေကို ကြည့်ဖို့ လွယ်သွားပုံကို ရှုစားပါ။

လက်သင်္ကေတပြ စာအုပ်စာစောင်များကို အားကိုးနေရတဲ့ ညီအစ်ကို/မတွေအနေနဲ့ ဒီအသွင်အပြင်သစ်ကနေ အကျိုးအများကြီး ရကြမယ်လို့ ယုံကြည်ပါတယ်။ ဘုရားနဲ့ ဆက်ဆံရေး ပိုခိုင်မာလာစေမယ့် ဒီပြင်ဆင်ပေးချက်တွေအတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။—ဆာလံ ၁၁၉:၉၇

ကမ္ဘာဦး ၃:၁ က “မြွေ” ဟာ ဗျာဒိတ် ၂၀:၂ မှာပါတဲ့ “ရှေးမြွေဟောင်း” ဖြစ်ကြောင်း ချိတ်ဆက်ပြပုံကို ရှုစားပါ