မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဒီဇင်ဘာ ၃၀
ကမ္ဘာတစ်ဝန်းက သတင်းများ

JW.ORG ပေါ်မှာ အသွင်အပြင်အသစ်တွေ ရနိုင်ပြီ

JW.ORG ပေါ်မှာ အသွင်အပြင်အသစ်တွေ ရနိုင်ပြီ

JW.ORG မှာ လူအများ တောင်းဆိုတဲ့ပုံစံကို အဆင့်မြှင့်ထားပါတယ်။ အလင်း/အမှောင် ကြိုက်တဲ့ပုံစံ ရွေးနိုင်ပါပြီ။

အမှောင်ပုံစံ (dark mode, dark theme, night mode) က နောက်ခံအမှောင်ပေါ် လင်းတဲ့ စာလုံးကို မြင်ရမယ်။ ဖန်သားပြင်အလင်း စူးရှမနေတဲ့အတွက် ကွန်ပျူတာသုံးသူတချို့ ပိုကြိုက်ကြတယ်။ အထူးသဖြင့် ညပိုင်း၊ မှောင်တဲ့ ဝန်းကျင်မှာ မျက်စိညောင်းညာတာ သက်သာစေလို့ပါ။ မျက်စိမှုန်သူ၊ စူးရှအလင်း မကြည့်နိုင်သူတွေအတွက် ပိုကောင်းတယ်။

အလင်းအမှောင် ရွေးချင်ရင် စာမျက်နှာ အောက်ဆုံးကို ဆင်းပြီး အသွင်အပြင် စက်တင် သင်္ကေတကို နှိပ်ပါ။ ကိုယ့်စက်ရဲ့ စက်တင်အတိုင်း သုံးချင်တယ်ဆိုရင် System သင်္ကေတကို ရွေးထားပါ။ အလင်း ဒါမှမဟုတ် အမှောင် သင်္ကေတကိုလည်း ရွေးနိုင်တယ်။

ဒီအသွင်ပြင်အသစ်တွေ JW Library မှာ မရနိုင်သေးပါဘူး။ မကြာခင် ထည့်ပေးပါမယ်။ ကျမ်းစာအခြေပြု အကြောင်းအရာအမျိုးစုံ ရရှိနိုင်ဖို့ ဒီဂျစ်တယ်ပစ္စည်းတွေကို အခုလို အဆင့်မြှင့်တင်မှုတွေအတွက် ယေဟောဝါဘုရားကို အလွန်ကျေးဇူးတင်တယ်။