မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၁၆၊ ၂၀၂၁
ကမ္ဘာတစ်ဝန်းက သတင်းများ

JW.ORG မှာ အချိန်ကိုက် တင်ထားတဲ့ ပင်မစာမျက်နှာ ဆောင်းပါးတွေက ရလဒ်ကောင်းတွေ ဖြစ်စေ

JW.ORG မှာ အချိန်ကိုက် တင်ထားတဲ့ ပင်မစာမျက်နှာ ဆောင်းပါးတွေက ရလဒ်ကောင်းတွေ ဖြစ်စေ

ကမ္ဘာတစ်ခွင်က ညီအစ်ကို/မတွေဟာ jw.org မှာ တင်ထားတဲ့ ဆောင်းပါးတွေကို အမှုဆောင်မှာ၊ ကိုယ်ပိုင်လေ့လာမှုမှာ အသုံးပြုနေကြတယ်။ ဒါတွေက ရလဒ်ကောင်းတွေ ဖြစ်ပေါ်စေတယ်။ အောက်ပါတွေ့ကြုံမှုတွေကို သုံးသပ်ကြည့်ပါ။

ကပ်ရောဂါ ဖြစ်ခါစ လအနည်းငယ်မှာ ကနေဒါနိုင်ငံမှာ ရှိတဲ့ တိုက်နယ်ကြီးကြပ်မှူး တစ်ဦးက မိမိတိုက်နယ်မှာ ရှိတဲ့ ကြေညာသူ လေးပုံ သုံးပုံက “အထီးကျန်ဝေဒနာကို ဘယ်လို ကုစားရပါ့မလဲ” ဆောင်းပါးကို အမှုဆောင်မှာ သုံးတယ်လို့ ဆိုတယ်။ ဥပမာ၊ ညီအစ်မ တစ်ယောက်က အလုပ်ဖော် ခြောက်ယောက်ဆီ ဆောင်းပါးလင့်ခ်ကို ပို့ပေးတော့ အတော်များများက ကျေးဇူးတင်ကြောင်း ပြောခဲ့ကြတယ်။

တိုဂိုနိုင်ငံမှာ ခင်ပွန်းနဲ့အတူ တိုက်နယ်လုပ်ငန်းမှာ ပါဝင်နေတဲ့ ညီအစ်မတစ်ဦးက “ဗျာဒိတ်ကျမ်းမှာ ပါတဲ့ မြင်းစီးသူရဲလေးဦး” ဆောင်းပါးလင့်ခ်ကို ဆွေမျိုးတွေ၊ အသိတွေတွေဆီ ပို့ပေးခဲ့တယ်။ ရလဒ်အနေနဲ့ သူ့မှာ ကျမ်းစာသင်အံမှု ခုနစ်ခု ရှိနေပါပြီ။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံတချို့က ကျောင်းသားတွေဟာ ဗီဒီယိုနဲ့ ချိတ်ဆက်ပြီး ကျောင်းတက်ကြတယ်။ မကြာသေးခင်က တင်ထားတဲ့ “အိမ်သင် ပညာရေးစနစ်ကနေ အကျိုးခံစားနိုင်ပုံ” ဆောင်းပါးအတွက် ကျေးဇူးတင်ကြောင်း စကင်ဒီနေးဗီးယားက ညီအစ်မငယ် ပြောတယ်။ အဲဒီဆောင်းပါးမှာ အွန်လိုင်းကနေ သင်ယူနေကြတဲ့ ကျောင်းသားတွေအတွက် အထောက်အကူပြုတဲ့ အကြံဉာဏ်တွေ ပါတယ်။ ညီအစ်မက “ကျွန်မရဲ့ ကျောင်းစာတွေ အချိန်မီ မပြီးခဲ့ဘူး။ ဒါပေမဲ့ ဒီဆောင်းပါးထဲက အကြံပြုချက်တွေအတိုင်း လိုက်လုပ်ပြီးတဲ့နောက် ပိုအဆင်ပြေသွားတယ်” လို့ ဆိုတယ်။

jw.org ပင်မစာမျက်နှာကို နေ့စဉ် လူပေါင်း ၁,၆၀၀,၀၀၀ ကျော် ဝင်ရောက်ကြည့်ရှုကြတယ်။

ကိုယ်ပိုင်လေ့လာမှု လုပ်ဖို့၊ “ဘုရားပေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်” နိုင်ဖို့ ထောက်ကူပေးတဲ့ ဒီဆောင်းပါးတွေအတွက် ယေဟောဝါကို ကျေးဇူးတင်ကြပါတယ်။—၂ တိမောသေ ၄:၅