မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၁၊ ၂၀၁၉
ကာဂျစ္စတန်

ကာဂျစ္စတန်၊ အို့ရှ်မြို့က အပြုသဘောဆောင်တဲ့ တရားရေးဖြစ်စဉ်

ကာဂျစ္စတန်၊ အို့ရှ်မြို့က အပြုသဘောဆောင်တဲ့ တရားရေးဖြစ်စဉ်

ကာဂျစ္စတန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ အို့ရှ်မြို့မှာ ယေဟောဝါသက်သေများရဲ့ ရုံးကို ၂၀၁၈၊ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကာဂျစ္စတန် တရားရေးဝန်ကြီးဌာနက မှတ်ပုံတင်ပေးလိုက်ပါတယ်။

ကာဂျစ္စတန်နိုင်ငံမှာ ယေဟောဝါသက်သေတွေဟာ ၁၉၉၈ ခုနှစ်ကတည်းက မှတ်ပုံတင်ခွင့် ရကြပေမဲ့ ၂၀၀၈ ခုနှစ်မှာ ဘာသာရေး ဥပဒေသစ်ကို ပြဋ္ဌာန်းပြီးနောက် အို့ရှ်မြို့တည်ရှိရာ နိုင်ငံတောင်ပိုင်း မြို့တွေမှာ ညီအစ်ကိုတွေ မှတ်ပုံတင်ခွင့်ကို ဒေသခံ အာဏာပိုင်တွေက အမြဲ ငြင်းပယ်ခဲ့ကြတယ်။ ဒါကြောင့် ညီအစ်ကိုတွေရဲ့ အစည်းအဝေးတွေနဲ့ အမှုဆောင်လုပ်ငန်းကို တရားမဝင်ဘူးလို့ ရှုမြင်ကြတယ်။ ညီအစ်ကိုတွေ ဝတ်ပြုစည်းဝေးတဲ့ အိမ်တွေ၊ ငှားရမ်းထားတဲ့ အဆောက်အအုံတွေကို ရဲတွေ မကြာမကြာ ဝင်ရောက်စီးနင်းကြတယ်။

ဒီအပြုသဘောဆောင်တဲ့ဖြစ်စဉ်ကြောင့် ကာဂျစ္စတန်နိုင်ငံက ယေဟောဝါသက်သေတွေဟာ လွတ်လပ်စွာ ဝတ်ပြုစည်းဝေးနိုင်တော့မယ့်အပြင် တခြားသူတွေကို ငြိမ်သက်အေးချမ်းစွာ ကျမ်းစာသတင်းစကား ဝေမျှနိုင်တော့မှာမို့ ကျွန်တော်တို့ ဝမ်းသာကြပါတယ်။—၁ တိမောသေ ၂:၁-၄