မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၂၁၊ ၂၀၁၇
ကာဇက်စတန်

တေ​မူ အခါ​မေ​ဒေါ့ဗ်​ရဲ့ အယူခံဝင်​မှု​ကို ကာဇက်​စ​တန် တရားရုံးချုပ်​က ပယ်ချ

တေ​မူ အခါ​မေ​ဒေါ့ဗ်​ရဲ့ အယူခံဝင်​မှု​ကို ကာဇက်​စ​တန် တရားရုံးချုပ်​က ပယ်ချ

တရားမဝင် ဘာသာရေး လုပ်ဆောင်တယ်​ဆိုပြီး မတရား စွပ်စွဲ​ခံရ​မှု​အတွက် တေ​မူ အခါ​မေ​ဒေါ့ဗ်​ရဲ့ အယူခံဝင်​မှု​ကို ၂၀၁၇၊ ဒီဇင်ဘာ ၄ ရက်​နေ့မှာ ကာဇက်​စ​တန် တရားရုံးချုပ်​က ပယ်ချ​လိုက်ပါ​တယ်။ တကယ်​ဆိုရင် အခါ​မေ​ဒေါ့ဗ်​ဟာ မိမိရဲ့ ဘာသာရေး ယုံကြည်ချက်​အကြောင်း တခြား​သူတွေကို ပြောပြ​ရုံ​သက်​သက်​ပါ။ ဒါပေမဲ့ အခါ​မေ​ဒေါ့ဗ်​ဟာ ၂၀၁၇၊ ဇန်နဝါရီ ၁၈ ရက်​ကတည်းက လျှို့ဝှက်​ရဲတွေ​ရဲ့ အမှု​ဆင်​ဖမ်းဆီးမှု​ကြောင့် ထိန်းသိမ်း​ခံခဲ့​ရ​ပါတယ်။ မေလ​တုန်း​က ခရိုင်​တရားရုံးမှာ ထောင်ဒဏ် ငါးနှစ် စီရင်​ချမှတ်​ခံရပြီး ၂၀၁၇၊ ဇွန်လ ၂၀ ရက်မှာ အယူခံ​တရားရုံး​က အမှုကို အတည်ပြုခဲ့​ပါတယ်။

အယူခံဝင်​မှု​ကို သုံးသပ်​တဲ့အခါ မတရား​ဖမ်းဆီး ထိန်းသိမ်း​ခြင်း​ဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်း​အဖွဲ့ (WGAD) ရဲ့ မကြာသေးမီ ဆုံးဖြတ်ချက်ကို တရားရုံးချုပ်​က လျစ်လျူရှု​ခဲ့​ပါတယ်။ ကာဇက်​စ​တန်​ရဲ့ လုပ်ရပ်ဟာ မစ္စတာ အခါ​မေ​ဒေါ့ဗ်​ကို မတရား ထိန်းသိမ်း​တဲ့​ပြစ်မှု၊ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖျက်​တဲ့​ပြစ်မှု မြောက်​ကြောင်း WGAD က ဆုံးဖြတ်​ခဲ့တာပါ။ မစ္စတာ အခါ​မေ​ဒေါ့ဗ်​ဟာ ကျန်းမာရေး မကောင်း​ပေမဲ့ ယုံကြည်ခြင်း ခိုင်မာ​နေပြီး ဘုရားသခင်​အပေါ် အပြည့်အဝ ယုံကြည်​အားကိုး​နေပါတယ်။ လွတ်မြောက်​ဖို့ ကြိုးပမ်း​ပေးမှု​တွေ လောလောဆယ်​အထိ မအောင်မြင်​သေး​ပေမဲ့ ကျေးဇူးတင်​နေပါတယ်။ ကမ္ဘာ​တစ်ဝန်း​က ယုံကြည်သူချင်းတွေ ဆက်​ဆုတောင်းပေး​နေကြ​တဲ့​အတွက်လည်း ကျေးဇူးတင်​နေပါတယ်။