မာတိကာဆီ ကျော်သွား

ဧပြီ ၄၊ ၂၀၁၈
ကာဇက်စတန်

ဧပြီ ၄၊ ၂၀၁၈ မှာ ကာဇက်စတန် အကျဉ်းထောင်ကနေ တေမူ အခါမေဒေါ့ဗ် လွတ်မြောက်လာပြီ

ဧပြီ ၄၊ ၂၀၁၈ မှာ ကာဇက်စတန် အကျဉ်းထောင်ကနေ တေမူ အခါမေဒေါ့ဗ် လွတ်မြောက်လာပြီ

ကာဇက်စတန်နိုင်ငံ သမ္မတ နာဆူလ်တန် နာဇာဘာယာ့ဗ်က တေမူ အခါမေဒေါ့ဗ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အတွက် ၂၀၁၈၊ ဧပြီ ၄ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းထားရာကနေ လွတ်မြောက်သွားပါပြီ။ ၂၀၁၈၊ မတ် ၂၇ ရက်တုန်းက အာဏာပိုင်တွေက ညီအစ်ကို အခါမေဒေါ့ဗ်ကို အယ်လ်မတီဆေးရုံမှာ အရေးပေါ် ခွဲစိတ်ကုသခွင့် ပြုခဲ့တယ်။ လောလောဆယ် အဲဒီဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

အသက် ၆၁ နှစ်အရွယ် ညီအစ်ကို အခါမေဒေါ့ဗ်ဟာ ဘာသာရေးယုံကြည်ချက်ကို ကျင့်သုံးမှုကြောင့် ၂၀၁၇၊ ဇန်နဝါရီ ၁၈ ရက်ကတည်းက ထောင်ကျနေတာပါ။ မိသားစုနဲ့ ပြန်ဆုံစည်းရလို့ သူ ဝမ်းသာနေပါတယ်။

သစ္စာစောင့်သိတဲ့ကျေးကျွန်တွေကို ယေဟောဝါ ကယ်တင်တဲ့အတွက် ကျွန်တော်တို့အားလုံး ဝမ်းမြောက်ကြပါတယ်။–၂ ရှမွေလ ၂၂:၂