မာတိကာဆီ ကျော်သွား

၂၀၁၇၊ ဇူလိုင် ၄
ကာဇက်စတန်

ကာဇက်​စ​တန်​အစိုးရက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး​လုပ်ဆောင်မှုတွေကို သုံးလ​ကြာ ရပ်ဆိုင်း​ထား

ကာဇက်​စ​တန်​အစိုးရက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး​လုပ်ဆောင်မှုတွေကို သုံးလ​ကြာ ရပ်ဆိုင်း​ထား

ကာဇက်​စ​တန်​နိုင်ငံ၊ အယ်​လ်​မ​တီ​မြို့မှာ တည်ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး​လုပ်ဆောင်မှုတွေကို သုံးလ​ကြာ ရပ်ဆိုင်း​ထားဖို့၊ ကာဇက်​ငွေ ၆၈၀,၀၀၀ နီးပါး (ဒေါ်လာ ၂,၁၀၇) ကို ဒဏ်ငွေ​ပေးဆောင်​ဖို့ ကာဇက်​စ​တန်​တရားရုံး​က ၂၀၁၇၊ ဇွန် ၂၉ မှာ အမိန့်ချမှတ်​လိုက်တယ်။

၂၀၁၇၊ မေလ ၁၇ မှာ ဌာနခွဲ​အဆောက်အအုံ​ကို အာဏာပိုင်တွေ ဝင်ရောက်​စီးနင်း​ပြီးနောက် အခုလို အမိန့်ချ​ခဲ့​တာ​ဖြစ်တယ်။ မျက်နှာဖုံး​စွပ်​ထားသူ​တချို့ ပါဝင်တဲ့ လက်နက်ကိုင် ရဲအ​ယောက် ၄၀ ခန့်​ဟာ လူအများ​မြင်ကွင်း​မှာ အတင်း ဝင်ရောက်​စီးနင်း​ခဲ့​ခြင်း​ဖြစ်တယ်။ ဒီလို​ဝင်ရောက်​စီးနင်း​မှု​ကို ပြန်​တရားစွဲဖို့ သက်သေခံတွေ စီစဉ်​ထားတယ်။

၂၀၁၇၊ ဇွန် ၅ ရက်မှာ ဌာနခွဲရုံး​ကို ရဲတွေ ဝင်ရောက်​ရှာဖွေပြီး ကျင့်ဝတ်​နဲ့ မကိုက်ညီ​တာ​ကို တွေ့တယ်​လို့ စွပ်စွဲကြတယ်။ အဲဒီလို ဝင်ရောက်​ရှာဖွေမှု​ဟာ တရားဝင်​လုပ်ထုံး​လုပ်​နည်းနဲ့ မညီ​ဘူးလို့ သက်သေခံတွေ စောဒကတက်​တယ်။

ရုရှား​နိုင်ငံမှာ ရဲတွေ​ရဲ့ ခြိမ်းခြောက်မှု​နဲ့ ဘာသာရေး အမြင်​ကျဉ်း​မှု​ကြောင့် ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှု ပိတ်ပင်​ခံ​ထား​ရတယ်။ အခု ကာဇက်​စ​တန်​မှာလည်း အဲဒီလို​အဖြစ်မျိုး ကြုံနေ​ရတယ်။ ၂၀၁၇၊ ဇွန် ၂၉ မှာ ထုတ်ပြန်​တဲ့ ဆုံးဖြတ်ချက်ကို ဇူလိုင် ၁၄ မှာ သက်သေခံတွေ အယူခံဝင်​ပါလိမ့်မယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Kazakhstan: Bekzat Smagulov, +7-747-671-45-01