ဧပြီ ၂၆၊ ၂၀၁၉
ကိုလံဘီယာ
ကိုလံဘီယာနိုင်ငံမှာ အကျဉ်းသားတွေကို ကျမ်းစာပညာပေးတဲ့အတွက် ယေဟောဝါသက်သေတွေကို ဂုဏ်ပြုလက်မှတ် ချီးမြှင့်
ကိုလံဘီယာက ယေဟောဝါသက်သေတွေဟာ အကျဉ်းသားတွေကို အခမဲ့ ကျမ်းစာပညာပေးလာတာ အနှစ် ၂၀ ကျော်ပါပြီ။ ဗန်လီဒူပါမြို့က အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသားတွေကို ကျမ်းစာပညာပေးတဲ့အတွက် ၂၀၁၈၊ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပေါ်လိုဖရီးရီ ပညာပေးဌာနက ယေဟောဝါသက်သေတွေကို ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခဲ့ပါတယ်။ လောလောဆယ် အကျဉ်းသားအယောက် ၅၀ ဟာ ကျမ်းစာသင်တန်းတွေ တက်နေကြတယ်။
ယေဟောဝါသက်သေတွေဟာ ကိုလံဘီယာတစ်နိုင်ငံလုံးက အကျဉ်းထောင် ၆၅ ခုမှာ ကျမ်းစာသင်တန်းတွေ ပေးကြတယ်။ ကျမ်းစာသင်အံမှု ၇၈၂ ခု ကျင်းပနေကြပါတယ်။ ၁၉၉၆ ခုနှစ်ကစပြီး နှစ်ခြင်းခံတဲ့အထိ တိုးတက်လာသူ အယောက် ၆၀ ရှိပါပြီ။
နီဗာ အန်တိုနီယို ကာဗာဒီယာဟာ ထောင်ကျနေစဉ် ကျမ်းစာ လေ့လာပြီး ၁၉၉၈ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ ၂၀၀၇ ခုနှစ်မှာ ဗန်လီဒူပါအကျဉ်းထောင်ကနေ လွတ်လာတယ်။ ကျမ်းစာလေ့လာခြင်းကြောင့် အကျိုးကျေးဇူး ခံစားခဲ့ရပုံကို ဒီလိုပြောပြတယ်- “ထောင်ထဲမှာ ရှိနေချိန်ကတည်းက ကျမ်းစာအခြေခံမူတွေက ကျွန်တော့်ကို ကာကွယ်ပေးတယ်၊ ပညာရှိစေတယ်။ ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့၊ မျှော်လင့်ချက် ရှိနေစေဖို့လည်း လှုံဆော်ပေးတယ်။”
ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေ အကျဉ်းသားတွေဆီ အရောက်သွား ဟောပြောနိုင်ဖို့ ကြိုးစားတာက “လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့” ယေဟောဝါ အလိုရှိမှန်း သိထားကြလို့ပါ။—၁ တိမောသေ ၂:၄။