မာတိကာဆီ ကျော်သွား

ဇွန် ၇၊ ၂၀၁၈
ကျူးဘား

ကျူးဘားလေယာဉ်ပျက်ကျမှုမှာ ယေဟောဝါသက်သေ မိသားစု သေဆုံး

ကျူးဘားလေယာဉ်ပျက်ကျမှုမှာ ယေဟောဝါသက်သေ မိသားစု သေဆုံး

၂၀၁၈၊ မေ ၁၈၊ သောကြာနေ့တုန်းက ကျူးဘားနိုင်ငံ၊ ဟာဗာနားလေဆိပ်ကနေ ဘိုရင်း ၇၃၇ လေယာဉ် ပျံတက်ပြီး မကြာမီ ပျက်ကျသွားတယ်။ လေယာဉ်ပေါ်မှာ ၁၁၃ ယောက် လိုက်ပါပြီး တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်တဲ့အတွက် နိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံး လေယာဉ်မတော်တဆမှု ဖြစ်တယ်။

သေဆုံးသူတွေထဲမှာ ယေဟောဝါသက်သေ သုံးယောက် (ဖခင်၊ မိခင်နဲ့ ၂၂ နှစ်အရွယ် သားတို့) ပါလို့ ဝမ်းနည်းကြပါတယ်။ ၂၀၁၈၊ မေ ၂၆၊ စနေနေ့မှာ စျာပန ကျင်းပခဲ့တယ်။

ကျန်ရစ်သူမိသားစုနဲ့ မိတ်ဆွေတွေကို ဒေသခံအသင်းတော် အကြီးအကဲတွေက စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း ကူညီထောက်မပေးကြသလို အာဏာပိုင်တွေကလည်း အကူအညီတွေ ပေးကြပါတယ်။ ယေဟောဝါဘုရားက “ဝမ်းနည်းပူဆွေးသူတွေကို နှစ်သိမ့်ပေး” မယ်ဆိုတာ ယုံကြည်စိတ်ချကြပါတယ်။—ဟေရှာယ ၆၁:၁၊ ၂