မာတိကာဆီ ကျော်သွား

ဟာရီကိန်းမုန်တိုင်း အော်စကာကြောင့် ပျက်စီးသွားတဲ့ ကျူးဘားနိုင်ငံ ဆန် အန်တိုနီယို ဒယ် ဆာ၊ မကန်ဘိုမြို့က အစည်းအဝေးကျင်းပတဲ့ နေရာတစ်ခု

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်
ကျူးဘား

ဟာရီကိန်းမုန်တိုင်း အော်စကာကြောင့် ကျူးဘားမှာ အပျက်အစီးများပြား

ဟာရီကိန်းမုန်တိုင်း အော်စကာကြောင့် ကျူးဘားမှာ အပျက်အစီးများပြား

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်မှာ ကျူးဘားနိုင်ငံ အရှေ့ပိုင်း ဂွါတာနာမို ပြည်နယ်၊ ဘယ်ရေကိုမြို့နားကနေ အော်စကာ မုန်တိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်လာတယ်။ ပြင်းအား အဆင့် ၁ ရှိတဲ့ မုန်တိုင်းဖြစ်လို့ တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ တိုက်ခတ်ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားတယ်။ ကျူးဘား အရှေ့ပိုင်းမှာ မိုးရေချိန် ၁၅ လက်မအထိ ရွာသွန်းခဲ့လို့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ကောက်ပဲသီးနှံတွေ ရေမြုပ်ကုန်တယ်။ အိမ် ၂,၀၀၀ ကျော် ထိခိုက်ပျက်စီးပြီး ခုနစ်ယောက် ထက်မနည်း သေဆုံးသွားတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ဝမ်းနည်းစရာက သက်ကြီး ညီအစ်မတစ်ယောက် သေဆုံး

  • ကြေညာသူ ၂ ယောက် အနည်းငယ် ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၁၄ ယောက် ဘေးလွတ်ရာကိုရွှေ့ပြောင်း

  • အိမ် ၁၃ လုံး လုံးဝပျက်စီး၊ အဲဒီထဲက အိမ် ၂ လုံးမှာ အသင်းတော် အစည်းအဝေးတွေ ကျင်းပ

  • အိမ် ၂၂ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၅ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေးလုပ်ငန်း

  • ဌာနခွဲက ကိုယ်စားလှယ်တွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက ဘေးသင့်သူတွေကို ကျမ်းစာနဲ့ အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးကြ

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၂ ခု ဖွဲ့စည်းပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေ

ဟာရီကိန်းမုန်တိုင်းကြောင့် အပျက်အစီးတွေများပြီး လူသေဆုံးတဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံစံ ခမည်းတော် ယေဟောဝါက မိမိကို ယုံကြည်ကိုးစားသူတွေအားလုံးကို ထောက်မပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၅၅:၂၂