မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ

ကွန်ဂို (ကင်ရှာဆာ) မှာ ရေလွှမ်းမိုးပြီး မြေပြိုလို့ လူတွေသေဆုံး

ကွန်ဂို (ကင်ရှာဆာ) မှာ ရေလွှမ်းမိုးပြီး မြေပြိုလို့ လူတွေသေဆုံး

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်၊ ကွန်ဂို (ကင်ရှာဆာ) မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ရေလွှမ်းမိုးပြီး မြေပြိုကျခဲ့တယ်။ ရပ်ကွက်တွေ နစ်မြုပ်ပြီး အဆောက်အအုံတွေ ပြိုလို့ အနည်းဆုံး လူ ၁၄၁ ယောက် သေဆုံးခဲ့တယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ဝမ်းနည်းစရာက ညီအစ်ကို ၁ ဦး သေဆုံးခဲ့တယ်

  • ကြေညာသူ ၁ ဦး ဒဏ်ရာရ

  • အိမ် ၃ လုံး လုံးဝ ပျက်စီး

  • အိမ် ၃ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၅ လုံး အနည်းငယ် ပျက်စီး

  • နိုင်ငံတော်ခန်းမ ၁ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • တိုက်နယ်ကြီးကြပ်မှူးနဲ့ ဒေသခံ အကြီးအကဲတွေက ဘေးသင့်တဲ့ မိသားစုတွေဆီ လည်ပတ်ပြီး ကျမ်းစာနဲ့နှစ်သိမ့်အားပေး၊ လိုအပ်တဲ့အကူအညီတွေ ပေး

  • ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ဖို့ ကယ်ဆယ်ရေးကော်မတီ ၃ ခု ဖွဲ့စည်း

  • ကယ်ဆယ်ရေးလုပ်ငန်းကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်

ခရစ်တော်ယေရှု ရာသီဥတုကို အပြည့်အဝထိန်းချုပ်ပြီး ကမ္ဘာမြေနဲ့ လူသားတွေကို ကာကွယ်ပေးတော့မယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။—မဿဲ ၈:၂၅-၂၇