မာတိကာဆီ ကျော်သွား

ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ လူဘမ်ဘာရှီမြို့က ရုံးခန်းအဆောက်အုံသစ်တစ်ခုရဲ့ သရုပ်ဖော်ပုံကြမ်း

၂၀၂၂၊ ဇန်နဝါရီလ ၂၁
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ

ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှာ ဗေသလ အဆောက်အအုံသစ် ဆောက်လုပ်နေ

ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှာ ဗေသလ အဆောက်အအုံသစ် ဆောက်လုပ်နေ

ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ လူဘမ်ဘာရှီမြို့မှာ ဌာနခွဲရုံး ပင်မအဆောက်အအုံသစ် ဆောက်လုပ်နေပါတယ်။ ၂၀၂၂၊ မေလမှာ ဒီအဆောက်အအုံသစ်ဆီ ဗေသလအိမ်သား ၂၆၀ လောက် စပြောင်းရွှေ့လာမယ်။ ဗေသလအိမ်သား ၁၃၁ ယောက်ကတော့ ကင်ရှာဆာမြို့မှာ ရှိတဲ့ လက်ရှိ ဌာနခွဲရုံးမှာ ဆက်နေပါမယ်။ a ကင်ရှာဆာမြို့မှာ ရှိတဲ့ လက်ရှိ ဌာနခွဲနားမှာလည်း လူနေခန်း၊ ရုံးခန်း အဆောက်အအုံကို တိုးချဲ့ဆောက်လုပ်နေပါတယ်။ ၂၀၂၄၊ ဇန်နဝါရီလ နောက်ပိုင်းမှာ ဒီအဆောက်အအုံသစ်ဆီ ဗေသလအိမ်သား ၄၈ ယောက်လောက် ပြောင်းနေဖို့ စီစဉ်ထားပါတယ်။ ကွန်ဂိုနိုင်ငံ ဟောပြောခြင်းလုပ်ငန်း တိုးချဲ့ဖို့ ဒီအဆောက်အအုံသစ်တွေကို အသုံးပြုသွားမှာ ဖြစ်တယ်။

ရုံးခန်းအဆောက်အုံသစ် သုံးခုထဲက ပထမတစ်ခုရဲ့ ဆောက်လုပ်ရေး

၂၀၂၁ လုပ်ငန်းတော်နှစ်အတွင်း ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှာ ရှိတဲ့ ညီအစ်ကို/မတွေဟာ ကျမ်းစာ သင်အံမှု ၂၅၀,၀၀၀ ကျော် ကျင်းပခဲ့ကြတယ်။ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲကို လူတစ်သန်းကျော် တက်ခဲ့ကြတယ်။ လောလောဆယ် ကင်ရှာဆာ ဌာနခွဲရုံးမှာ ဗေသလအိမ်သား ၃၉၄ ယောက် အမှုဆောင်နေကြတယ်။

ကင်ရှာဆာမြို့မှာ အဆောက်အအုံ တိုးချဲ့ဖို့ နေရာရှာမရတဲ့အတွက် ညီအစ်ကိုတွေက တခြားမြို့တွေမှာ နေရာရှာခဲ့ကြတယ်။ ဌာနခွဲရုံးသစ် ဆောက်လုပ်ဖို့ကော နောက်နောင် အဆောက်အအုံတွေ တိုးချဲ့ဖို့ပါ အဆင်ပြေမယ့် နေရာကို လူဘမ်ဘာရှီမြို့မှာ ရှာတွေ့ခဲ့ကြတယ်။

ဝဲ။ လူဘမ်ဘာရှီမြို့က လူနေ အဆောက်အအုံသစ်ဆီ မကြာခင် ဗေသလအိမ်သား ၃၀၀ လောက် စပြောင်းရွှေ့ပါတော့မယ်။ ယာ။ စီမံကိန်း တစ်ခုလုံးရဲ့ သရုပ်ဖော်ပုံကြမ်း

လူဘမ်ဘာရှီမြို့မှာ ရှိတဲ့ အဲဒီနေရာဟာ ကင်ရှာဆာမြို့နဲ့ ၁,၄၂၉ မိုင် (၂,၃၀၀ ကီလိုမီတာ) ဝေးတယ်။ ဧက ၃၀ (၁၂ ဟက်တာ) ကျယ်တယ်။ လူနေဆောင်၊ ရုံးဆောင်၊ သိုလှောင်ရုံ၊ ထမင်းစားခန်း ပါတဲ့ ခန်းမ၊ အပန်းဖြေနေရာတို့ ပါရှိတယ်။

၂၀၂၀၊ နိုဝင်ဘာလမှာ ဆောက်လုပ်ရေး စခဲ့တယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲတွေ ရှိခဲ့တယ်။

“နယ်စပ်တွေ ပိတ်သွားတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ တင်သွင်းဖို့ ခက်သွားလို့ စီမံကိန်း ကြန့်ကြာခဲ့ရတယ်” လို့ ကွန်ဂို (ကင်ရှာဆာ) ဌာနခွဲ ကော်မတီဝင် ညီအစ်ကို ရောဘတ် အလန်ဂို ပြောတယ်။

ဒါပေမဲ့ “တစ်နှစ်အတွင်းမှာပဲ စီမံကိန်း ပဏာမအဆင့် ၄၀ ရာခိုင်နှုန်း ပြီးစီးသွားတယ်” လို့ ညီအစ်ကို အလန်ဂို ဆက်ပြောတယ်။

ဒီဆောက်လုပ်ရေး စီမံကိန်းကို ယေဟောဝါဘုရား ကောင်းချီးပေးနေတာ ထင်ရှားတယ်။ ခရစ်တော်ရဲ့ ပိုင်ဆိုင်ရာတွေမှာ ထပ်တိုးလာတဲ့ ဒီအဆောက်အအုံသစ်တွေကြောင့် ပတ်ဝန်းကျင်မှာ သက်သေခံချက်ကောင်း ဖြစ်လာဖို့၊ ယေဟောဝါဘုရားရဲ့ နာမတော် ထင်ရှားဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။—မဿဲ ၂၄:၄၇

a ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (ကင်ရှာဆာ) ဌာနခွဲက ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနဲ့ ကွန်ဂို ပြည်သူ့သမ္မတနိုင်ငံရဲ့ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ပေးတယ်။