မာတိကာဆီ ကျော်သွား

အီဘိုလာပိုး ကူးစက်မှု အပြင်းထန်ဆုံး ဒေသတွေဖြစ်တဲ့ ကီဗူမြောက်ပိုင်းနဲ့ အီတူရီဒေသ မြေပုံ။ ဘီနီတိုက်နယ်စည်းဝေးပွဲက လက်ဆေးဖို့နေရာမှာ ကလေးမလေးတစ်ဦး လက်ဆေးနေစဉ်။

မေ ၂၊ ၂၀၁၉
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ

ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှာ အီဘိုလာ ကူးစက်ပျံ့နှံ

ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှာ အီဘိုလာ ကူးစက်ပျံ့နှံ

ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှာ နိုင်ငံရေးအခြေအနေ မတည်မငြိမ် ဖြစ်နေတဲ့ကြား ၂၀၁၈၊ ဩဂုတ်လကစပြီး အီဘိုလာပိုး ကူးစက်ပျံ့နှံ့ခဲ့တယ်။ ကီဗူမြောက်ပိုင်းနဲ့ အီတူရီဒေသတွေမှာ လူ ၁,၀၈၈ ယောက်ကျော် အီဘိုလာပိုး ကူးစက်ပြီး ၆၆၅ ယောက် သေဆုံးသွားပါတယ်။ ဝမ်းနည်းစရာကတော့ ကျွန်တော်တို့ ညီအစ်ကို/မတွေကိုလည်း ရောဂါကူးစက်ခံရတယ်။ ကွန်ဂို (ကင်ရှာဆာ) ဌာနခွဲရုံး သတင်းပေးပို့ချက်အရ ရောဂါကူးစက်မှုကြောင့် ယေဟောဝါသက်သေ လူကြီး ဆယ်ယောက်နဲ့ ကလေးနှစ်ယောက် သေဆုံးသွားပါတယ်။ နောက်ညီအစ်ကိုတစ်ယောက် ရောဂါကူးစက်ခဲ့ပေမဲ့ အခုတော့ သက်သာလာပါပြီ။

ညီအစ်ကိုတွေကို ရောဂါကူးစက်မှုအကြောင်း ပညာပေးဖို့ ကွန်ဂို (ကင်ရှာဆာ) ဌာနခွဲရုံးက အထူးဗီဒီယိုနဲ့ ဟောပြောချက်တစ်ခု ပြင်ဆင်ဖို့ ညှိနှိုင်းရေးမှူးများ ကော်မတီက ခွင့်ပြုခဲ့တယ်။ ဗီဒီယိုမှာ လက်တွေ့ကျ အကြံပြုချက်တွေ ပါတယ်။ လက်ဆေးတဲ့နေရာတွေ ထားဖို့ အကြံပြုထားပြီး အခု အသင်းတော်အားလုံး ကျင့်သုံးနေကြပါပြီ။ ဒီလက်တွေ့ကျ လုပ်ဆောင်မှုတွေက ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းစေတယ်။ အီဘိုလာပိုး ကူးစက်ပျံ့နှံ့နေချိန်အတွင်း ယေဟောဝါသက်သေများရဲ့ လက်တွေ့ကျ ပူးပေါင်းလုပ်ဆောင်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ကျန်းမာရေးအရာရှိနှစ်ဦးက ဌာနခွဲရုံးကို စာရေးခဲ့တယ်။—မဿဲ ၅:၁၆

မြို့အတော်များများမှာ ညီအစ်ကိုတွေကို ရက်သတ္တပတ်အတော်ကြာ အိမ်မှာပဲ သီးသန့်နေစေတယ်။ ကူးစက်ပျံ့နှံ့နေချိန်အတွင်း ရောဂါကူးစက်မခံရအောင် တိုက်နယ် ၁၂ ခုမှာ ခရိုင်အစည်းအဝေးတွေ ရက်ရွှေ့ဆိုင်းဖို့ ဌာနခွဲရုံးက တောင်းဆိုလိုက်တယ်။ ညီအစ်ကိုတွေ ဘုရားနဲ့ ရင်းနှီးစေတဲ့ ကျမ်းစာအကြောင်းအရာတွေ ရရှိစေဖို့ ဝတ်ပြုရာခန်းမတွေမှာ ခရိုင်အစည်းအဝေး အစီအစဉ် ဗီဒီယိုတွေ ပြပေးနိုင်အောင် ဌာနခွဲရုံးက စီစဉ်ပေးတယ်။

ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံက ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ ရောဂါ ကင်းစင်မယ့် အနာဂတ် ကျမ်းစာကတိတွေကနေ ခွန်အားရရှိနိုင်ကြပါစေ။—ဟေရှာယ ၃၃:၂၄