မာတိကာဆီ ကျော်သွား

ညီရာဂွန်ဂိုမီးတောင် ပေါက်ကွဲ

မေ ၃၁၊ ၂၀၂၁
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ

ဂိုမာမှာ မီးတောင်ပေါက်၊ လူများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေရ

ဂိုမာမှာ မီးတောင်ပေါက်၊ လူများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေရ

နေရာ

ဂိုမာ၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ

သဘာဝဘေး

  • ၂၀၂၁၊ မေ ၂၂၊ စနေနေ့မှာ ဂိုမာမြို့အနီး၊ မြောက်ပိုင်း ကီဗူဒေသမှာ ရှိတဲ့ ညီရာဂွန်ဂို မီးတောင် ပေါက်တဲ့အတွက် လူထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးရတယ်

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၂,၀၀၀ အနီးနားက မြို့တွေဆီ ထွက်ပြေးရတယ်

  • အထူး အချိန်ပြည့် အမှုဆောင် ၃၅ ယောက်ကို ယာယီ ပြောင်းရွှေ့နေကြတယ်

အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု

  • ညီအစ်ကိုတွေရဲ့ အိမ် ၂၉ လုံးထက်မနည်း ပျက်စီးသွားတယ်

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) က ကယ်ဆယ်ရေး လုပ်ငန်းတွေ စီစဉ်လုပ်ဆောင်နေပါတယ်။ ကယ်ဆယ်ရေး ကော်မတီ၊ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေက ထိခိုက်ပျက်စီးမှုတွေကို တွက်ချက်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေပါတယ်

  • ကယ်ဆယ်ရေး လုပ်ငန်း အားလုံးကို ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်နေပါတယ်

ညီအစ်ကိုတွေရဲ့ နေအိမ် ပျက်စီးသွားပေမဲ့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရလို့ ဝမ်းသာစရာပဲ။ အခုလိုဒုက္ခရောက်ချိန်မှာ ယေဟောဝါကို အားကိုးကြတဲ့ သူတို့အတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—နာဟုံ ၁:၇

စီးဆင်းလာတဲ့ ချော်ရည်ပူတွေကြောင့် အနီးကမြို့မှာ အပျက်အစီး များပြား